အခုတလော psycho ဆန်တဲ့သီချင်းတွေ၊ thinking ပါတဲ့ သီချင်းတွေ၊ အဲ...စာဆိုရင်လည်း dystrophic စာတွေချည်းပဲ ဖတ်ဖြစ်နေတယ်။ Utopia ဆိုတာ ကြားဖူးကြလား... အကြွင်းမဲ့ပြည့်စုံပြီး သာယာငြိမ်းချမ်းတဲ့နေရာကို utopia လို့ခေါ်ကြတယ်။ အဲဒါနဲ့ဆန့်ကျင်ဘက်ကျတော့ dystopia ပေါ့။ dystrophic ဆိုတာ အဲဒီအကြောင်းတွေပဲ။ George Orwell ရဲ့ Animal Farm တို့ 1984 တို့ဆို dystopia ကို သောက်ကျိုးနဲပီပြင်အောင်ရေးထားတာပေါ့။ ဒါတောင် George Orwell က မြန်မာပြည်မှာ ကိုလိုနီခေတ်တုန်းက ၅နှစ်ပဲနေဖူးလို့။ အခုချိန်သာနေဖူးရင် ပိုပြီးပီပြင်မှာသေချာတယ်။
အဲဒီ Dystrophic ဆိုတာကြီးနဲ့ဆိုင်တာတွေကိုတော့ နောက်များမှ ရေးတော့မယ်။ အခုကော…။တခါတလေ ကျွန်တော်တွေးမိတယ်။ ကျွန်တော့်တို့ခေါင်းပေါ်မှာ မိုးကောင်းကင်ရှိတယ်။ မိုးကောင်းကင်မှာ တိမ်တွေရှိတယ်။ ကျွန်တော့်တို့ခြေထောက် အောက်မှာမြေကြီးရှိတယ်။ မြေပြင်ပေါ်မှာ လူတွေရှိတယ်။ အဲဒီလို ဆန့်ကျင်ဘက်အရပ်က မတူညီတဲ့ နာမ်နှစ်ခုမှာ တူညီတဲ့ ဒေသနာတွေရှိတယ် ဆိုရင်လက်ခံကြမလား။ အဲဒါကိုတွေးမိစေတဲ့ သီချင်းတစ်ပုဒ် အကြောင်းပါ။ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ် ကစလို့ အဲဒီတရားကိုလက်ခံတဲ့ သီချင်းတွေအများကြီးရှိပါတယ်။ အခုပြောမှာကတော့ own tune လေးတစ်ပုဒ်ပါ။ ဒီ site က သီချင်း site ဆိုတော့ သီချင်းတွေပဲတွေလာမှာပေါ့။ အခု ကျွန်တော်ပြောချင်တာက The Ants ရဲ့ မိုးတိမ်အကြောင်း ပါ။ သူတို့ရဲ့ ပထမဆုံးစီးရီး ရောင်စုံချောကလက် ထဲကသီချင်းပါ။ ကျွန်တော် စိတ်ထင် ၁၉၉၆-၉၇ လောက်ကထင်တာပဲ။ အဲဒီသီချင်းကို ကေအေတီက စာသားဖွဲ့ပြီး မောင်မောင်ဇော်လတ်က သံစဉ်ထည့်ပါတယ်။ ကိုထူးအိမ်သင်က ဆိုထားပါတယ်။ လူတွေကတိမ်တွေနဲ့ ဘယ်လောက်များတူနိုင်ပါ့မလဲ…။
Intro: Dive Picking and စည်း
တိမ်တွေဖွဲ့စည်းထား မြင်သာချိန်အခိုက်အတန့်လေးမှာ တိမ်တွေပြိုကွဲသွား…
ငါထိုင်နေခဲ့တာ အားလုံးပေါင်းကြည့်တော့…
တစ်ရက်နှစ်ရက်လောက်ထက် ပိုနိုင်ပါ့မလား…
အိုး… တိမ်တွေလိုများ သွားနေလား… အချိန်ဆိုတာ ဘဝအတွက်ဖြည့်စွက်ခြင်းပေါ့…
မှတ်သား…ငါ့နှလုံးသားများဟာ…ဘယ်သူ့ရဲ့လက်မှာစတေးဖို့ လိုက်သွား… မြင်ပြီလား …
မရည်ရွယ်ခဲ့ခြင်းများ… ရည်ရွယ်ရာ အခိုက်အတန့်လေးမှာ နေရာယူပြီးသွား…
ငါငြိမ်နေတော့လေ အားလုံးနစ်မြုပ်လို့… ငါ့နှလုံးသားများ…နာကျင်ကြေကွဲ…
အိုး…ငါထင်တာများ…မှားနေပြီလားဘဝရယ်… အချိန်ဆိုတာ ဘဝအတွက်ဖြည့်စွက်ခြင်းပေါ့…
မှတ်သား…ငါ့နှလုံးသားများဟာ…ဘယ်သူ့ရဲ့လက်မှာစတေးဖို့ လိုက်သွား…နေ့များ
Music: Violin and Dive Picking and စည်း
သီချင်းတစ်ပုဒ်လုံးကို စည်းရယ်၊ electric picking ရယ်၊ တယောရယ်၊ ပီယာနိုလေး လေးဘားလောက်ရယ် နဲ့ပဲတီးသွားပါတယ်။ ကြည့်ရတာ Arrangement က ကိုထူးအိမ်သင်ပဲဖြစ်ပုံရတယ်။ Traditional ရယ် Modern Music ရယ်ကို စနစ်တကျနဲ့ လှပအောင် တွဲစပ်ဖန်တီးနိုင်တာ မြန်မာပြည်မှာ သူပဲရှိခဲ့တာကိုး။
သီချင်းက သံစဉ်ကိုက ရိုးစင်းပြီးလှနေတာပါ။ စာသားကလည်း ပြောစရာမရှိပါဘူး။ လောကမှာ ရိုးပြီးလှတာ တွေလဲရှိပါတယ်။ သီချင်းအစမှာ သီချင်းထဲကငါက တိမ်တွေကို ကြည့်ရင်း တီးတိုးရွတ်ဆိုနေတယ်… တိမ်တွေတွေ့နေရတယ်… ကြည့်နေရင်းနဲ့ ပြိုကွဲသွားတယ်… ဗုဒ္ဓရဲ့ ဒေသနာတော်အတိုင်း ဖြစ်ပျက်မှု နဲ့မမြဲမှုတို့ကို တွေ့မြင်လိုက်ရတယ်။ သံဝေဂပန်းချီကား တစ်ချပ်ကို ရုတ်တရက် လှပ်ကနဲမြင်လိုက်ရသလိုပါပဲ။ ကိုယ့်ဘဝဟာလည်း တိမ်တွေလို လိုပဲလား… တည်မြဲမှု မရှိပါလား… အဲဒါကို “ငါထိုင်နေခဲ့တာ အားလုံးပေါင်းကြည့်တော့…တစ်ရက်နှစ်ရက်လောက်ထက် ပိုနိုင်ပါ့မလား” လို့ဆိုထားတယ် …။ ခင်ဗျားတို့ ကျွန်တော်တို့တွေကော ဒီအတိုင်းပဲလား။ တကယ်တော့ ကျွန်တော်တို့လို လူ့အန္ဓတွေအတွက် ဆရာတော် အကျော်အမော်တွေထက် သီချင်းတွေကပဲ ပိုတရားပြနိုင်ပါသလား…။ နောက်ပြီး ဘယ်သိပ္ပံပညာရှင်မှ အဖြေမရှာနိုင်သေးတဲ့ အချိန်ကိုကော…။ သီချင်းထဲကသူကတော့… ဘဝရဲ့ ဖြည့်စွက်မှူတစ်ခု လို့ပြောတယ်…။ အချိန်က ဘဝရဲ့အဖြည့်ခံဆိုတော့ ကျွန်တော်တို့တွေကော…၊ အချိန်ရဲ့အဖြည့်ခံတွေလား။ နောက်ပြီး ကျွန်တော်တို့မှာကော ကိုယ်ပိုင်ဆိုင်မှု ဘာရှိဦးမလဲ… ဇာတ်ဆောင်ကတော့ သူ့နှလုံးသားတောင် ပိုင်ဆိုင်ပုံမရပဲ တခြားတယောက်အတွက် စတေးလိုက်ရတယ်။ ကျွန်တော်တို့ကော ဘယ်လောက်များစတေးပြီးပြီလဲ… ဘာတွေစတေးလိုက်ရလဲ… စတေးလိုက်ရတာကော တန်လိုက်ရဲ့လား…။
ဘဝမှာ မရည်ရွယ်တာတွေဖြစ်လာတဲ့အခါ ကျွန်တော်တို့ဟာ တိမ်တွေနဲ့ စည်းမျဉ်းကို လိုက်နာလိုက်ရပြန်တယ်။ တိမ်တွေလို လေအဝှေ့ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ မရည်ရွယ်တာတွေဟာ စီစဉ်ထားပြီးကာမှ ဖြစ်ပျက်လာတတ်ပြန်တယ်…။ ကြိုပြီးပြင်ဆင်နိုင်ကြပါရဲ့လား…။ တခါထဲ နစ်မြုပ်သွားပလား…။ သီချင်းထဲမှာတော့ နာကြင်မှုတွေပဲ အဆုံးသတ်ခဲ့ရတယ်…။
ဘဝရဲ့အဓိပ္ပါယ်က ထင်ထားတာတွေ ဖြစ်မလာတာပဲလား…။ ကျွန်တော်တို့မှာကော…။ အချိန်က ဘဝရဲ့ ဖြည့်စွက်မှုသက်သက်တစ်ခု လို့ပြောတယ်…။ အချိန်က ဘဝရဲ့အဖြည့်ခံဆိုတော့ ကျွန်တော်တို့တွေကော…၊ အချိန်ရဲ့အဖြည့်ခံတွေလား။ နောက်ပြီး ကျွန်တော်တို့မှာကော ကိုယ်ပိုင်ဆိုင်မှု ဘာရှိဦးမလဲ… ဇာတ်ဆောင်ကတော့ သူ့နှလုံးသားတောင် ပိုင်ဆိုင်ပုံမရပဲ တခြားတယောက်အတွက် စတေးလိုက်ရတယ်။ ကျွန်တော်တို့ကော ဘယ်လောက်များစတေးပြီးပြီလဲ… ဘာတွေစတေးလိုက်ရလဲ… စတေးလိုက်ရတာကော တန်လိုက်ရဲ့လား…။
တကယ်တော့ ကျွန်တော်တို့ဘဝကိုယ်စီဟာ တိမ်တခုစီနဲ့ တူပါတယ်။ အခုတိုက်အိမ်ပုံ ဖြစ်နေပေမယ့် ခဏနေ တဲကုပ်ပုံဖြစ်သွား နိုင်တယ်။ အဲဒီလိုပဲ ဒဏ်ရာတွေကနေ သာယာယစ်မူးမှုတွေ ဖြစ်သွားနိုင်တယ်…။အင်း… ကျွန်တော်တို့ဟာ တိမ်တွေနဲ့တော့ တူနိုင်ပါတယ်… ဒါပေမယ့်…တိမ်တွေမဟုတ်တာတော့ သေချာပါတယ်…။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ကံ ဆိုတာလေးတော့ ရှိကြပါလိမ့်ဦးမယ်…။ ဒါပေမယ့် တစ်ရက်လောက်တော့ တိမ်တွေဆီသွားဖို့ လိုအပ်ကောင်းလိုအပ် ပါလိမ့်မယ်…။
Saturday, March 29, 2008
မိုးတိမ်အကြောင်း
“ပိုစ့်လေးတင်ချင်လို့ ဒေါ်လာလေးများရှိရင် ၁၀၀ ၂၀၀ လောက်တနားကြပါဗျို့။” အဲဒီလိုပဲအော်လိုက်ချင်တယ်။ ပိုစ့်ရေးမယ်ကြံလိုက်၊ connection ပိန်းလိုက်။ Download လေးဆွဲမယ်ကြံလိုက် access denied လိုက်ဆိုတော့။ အဲဂလို ဆိုတော့ နှစ်ဆပိုကုန်တာပေါ့။ စိတ်ကလေလာရော။
မိုးတိမ်အကြောင်း
Subscribe to:
Post Comments (Atom)
5 comments:
အချင်းချင်းမို့လို့ပြောတာမဟုတ်ဘူး.. အရေးအသားကိုတော့ ကြိုက်သကွာ :D
ကျော်ခိုင် ဆွဲဖြဲလိုက်တဲ့ ကဗျာလေးကို ခုချိန်ထိ နှမျောလို့ မဆုံးဘူး ကွာ
ဖတ်ရသလောက်ထဲမှာ ဒါလေးလဲ မဆိုးဘူးပဲ.. :D ကောင်းလေစွ..
ကျွန်တော်က The Ants ခွေတွေထဲမှာ ဒီပထမဆုံးခွေကို အကြိုက်ဆုံးဗျ။ တပုဒ်မကျန်ကြိုက်တာဗျ။ ခင်ဗျား .... စကားပြေရေးလိုက်တော့ ကိုငှက်သီချင်းလေးက ပိုကြွလာတယ်ဗျာ..... ကျွန်တော်လည်း ဒီသီချင်း Arrangement က ကိုငှက်ဖြစ်မယ်ထင်တယ်ဗျာ။ style ကသူ့ စတိုင်လေဗျာ။ ဇော်လတ် style က အဲဒီလိုမှ မဟုတ်တာ။ သူတိှု့စ်ယောက်လက်ရာ ဓမ္မပူဇာသီချင်းလဲ ကျွန်တော်ကြိုက်တယ်ဗျ...........
ဒီသီချင်းလေးကကြိုက်လွန်းလို့ ဘလော့ခ် နောက်ခံ သုံးထားတယ်ဗျာ
ကျွန်တော်လည်း ဒီသီချင်းလေး အရမ်းကြိုက်တယ် စာသားတွေရော သံစဉ်ဖွဲ့စည်းထားတာရော ရှယ်ပဲဗျာ . . .
တကယ့်ကို ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ . . .
Post a Comment