Own tune နဲ့ copy မှာ သီချင်းနားထောင်တဲ့သူတွေ အများစုကတော့ own tune ကို ပိုပြီးနားထောင်ချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ Copy ကတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ သံစဉ်တွေ တီးလုံးတွေမဟုတ်ပဲ နိုင်ငံခြား သီချင်းတစ်ပုဒ်ပုဒ်ရဲ့ သံစဉ်တွေတီးလုံးတွေဖြစ်နေတယ် ဆိုတဲ့အသိနဲ့နားထောင်ရတဲ့အခါ စိတ်ထဲမှာတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်ကတော့ Own tune ရော copy ရောနှစ်ခုလုံးမှာ သူ့အရည်အချင်းနဲ့ သူ၊ သူ့အခက်အခဲနဲ့သူ ရှိတယ်လို့ ထင်ပါတယ်။ သီချင်းတွေကို တစ်ထပ်ထဲတူအောင်ပြန်တီးရတာ အရမ်းကြီးတော့မလွယ်ပါဘူး။ ဒါပေမဲ့တစ်ချို့ ဟစ်ပ်ဟော့ပ် copy သီချင်းတွေလို မူရင်းသီချင်းက vocal အသံကို ဖျောက်ပြီး သံစဉ်လေးပဲ သက်သက်သာသာထည့်ထားတဲ့ copy သီချင်းမျိုးတွေကိုတော့ အထင်သေးမိပါတယ်။ ရော့ခ်သီချင်းတွေကို မူရင်းနဲ့တစ်ထပ်ထဲတူအောင် ကြိုးစားပြီးတီးထား ဆိုထားတဲ့ IC ရဲ့ copy တွေကိုတော့ လေးစားမိပါတယ်။ ဒါပေမဲ့အခုနောက်ပိုင်းတော့ own tune တွေကိုပဲအားပေးချင်နေမိတယ်။ တစ်ခြားတစ်ယောက်ရဲ့သီချင်းကို တစ်ထပ်ထဲတူအောင် ကြိုးစားနေမဲ့အစား ကိုယ်ပိုင်သံစဉ်တွေကြိုးစားပြီး ဖန်တီးစေချင်ပါတယ်။ ကိုယ်ပိုင်သံစဉ်ဆိုတော့ အားပေးလို့ပိုကောင်းတာပေါ့ဗျာ။ တစ်ဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ ကော်ပီကို ပျောက်သွားစေချင်တယ်။ မကြိုက်လို့ မဟုတ်ပေမဲ့ ကော်ပီသီချင်းတစ်ပုဒ်ဘယ်လောက်ကောင်းနေပါစေ ဒီသီချင်းဟာ အခြားတစ်ယေက်ရဲ့ idea တွေ
သံစဉ်တွေဆိုတော့ သူ့အတိုင်းအတာတစ်ခုအထိပဲ ကောင်းနိုင်ပါတယ်။ ပြန်တီးထားတာက မူရင်းထက်ကောင်းနေပါတယ်ဆိုဦးတော့ နားထောင်ရတာ ကိုယ်ပိုင်သံစဉ်လောက် မလွတ်လပ်ဘူးလို့ ထင်ပါတယ်။ ကိုယ်ပိုင်သံစဉ်ကောင်းကောင်း တစ်ပုဒ်ကိုနားထောင်ရတဲ့အခါမှာတော့ ဒီသံစဉ်တွေ စာသားတွေ တီးလုံးတွေဟာ ဘယ်မှာမှမရှိသေးတဲ့အသစ်တွေ၊ ဖန်တီးမှုအသစ်တွေပါလား ဆိုပြီး ကော်ပီ သီချင်းကမပေးနိုင်တဲ့ခံစားမှုတွေကိုပေးနိုင်မှာပါ။
ဒါကြောင့် ကော်ပီရော ကိုယ်ပိုင်သံစဉ်ရော တစ်မျိုးစီကောင်းကြပေမယ့် အခုအချိန်မှာတော့ ကိုယ်ပိုင်သံစဉ်တွေကိုပဲ ဖန်တီးသင့်ပြီလို့ထင်ပါတယ်။ ကျွန်တော့ရဲ့အမြင်လေးပါ။
1 comments:
Freshupရေ... ကိုယ်ပိုင်သံစဉ် စစ်စစ်ကို ရေးသင့်ပြီ ထင်တာမဟုတ်.... ရေးကို ရေးရတော့မယ်ဗျာ။
copy right က နားရင်းအုပ်တော့မယ်။ သူများ နိုင်ငံမှာ မြန်မာသီချင်း ဖွင့်ပြီး နားထောင်ရမှာ အရှက်ကွဲပေါင်း များပြီ။
Post a Comment