Friday, June 6, 2008

နာမည်ကြီးတို့ရဲ့ ဂစ်တာ (၁)

ဂစ်တာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြတဲ့ နာမည်ကြီးဂစ်တာသမားများဟာ.. ဂစ်တာများစွာကို ပိုင်ဆိုင်ကြပါတယ်။ နာမည်ကြီး ဂစ်တာသမားတစ်ယောက်ဆီမှာ ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံနဲ့ ဂစ်တာတွေများစွာ ရှိကြပါတယ်။ ဒီအထဲမှာမှ သူတို့စွဲလန်းတဲ့၊ အမြတ်တနိုးနဲ့ သံယောဇဉ်ထားတဲ့ ဂစ်တာကိုပဲ အသုံးများကြပါတယ်။ ယေဘူယအားဖြင့် တော့ Steve Vai ဟာသူ့ Ibanez Jem series ဂစ်တာတွေကိုအသုံးပြုတယ်… Malmsteen ဆိုရင် သူ့ Signature Series Fender Stratocaster တွေကိုသုံးတယ်.. စသဖြင့် နာမည်ကြီးဂစ်တာသမားတွေဟာ သူတို့အကြိုက် ပုံစံဂစ်တာတွေကိုအသုံးပြုကြပါတယ်။ ဒီပိုစ့်မှာတော့ Malmsteen ရဲ့ ဂစ်တာလေးအကြောင်းကိုဖော်ပြလိုက်ပါတယ်။

Malmsteen ရဲ့ The Duck

Yngwie Malmsteen ဟာ Sweden နိုင်ငံ Stockholm မြို့မှာမွေးဖွားခဲ့ပြီး ဂစ်တာကို ငယ်စဉ်ကတည်းက ကျွမ်းကျွမ်းကျင်ကျင်တီးနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ သူအသက် ၁၀ နှစ်မပြည့်ခင်မှာ သူဟာ အဲဒီ့ခေတ်က ခေတ်စားခဲ့တဲ့ Deep Purple ရဲ့ သီချင်းတွေအကုန်လုံးကို တီးနိုင်နေပါပြီ။ သူ့ရဲ့ အကြိုက်ဆုံး၊ သူ့ရဲ့ အတွယ်တာဆုံးဂစ်တာကိုပြပါဆိုရင်တော့ 1972 Fender Stratocaster ဂစ်တာလေးကိုပြရမှာဖြစ်ပါတယ်။ ဒီဂစ်တာကို တော့ Malmsteen က The Duck လို့ အမည်ပေးခဲ့ပါတယ်။ ဂစ်တာမှာ Play Loud ဆိုတဲ့ Sticker ကပ်ထားလို့ Play Loud လို့လည်း ခေါ်ပါတယ်။

( Malmsteen ရဲ့ The Duck, သူကလည်း Ferrari Fan တစ်ယေက်ပါ )

ဒီဂစ်တာကို Sweden မှာသူ ငယ်ငယ်ကတည်းက၀ယ်ခဲ့ ပြီး ၁၉၈၂ မှာ America ကိုလာတော့ လည်း သူ့အ၀တ်အစားအချို့ အပြင် သူ့ဂစ်တာ The Duck ပဲပါခဲ့ပါတယ်။ သူ့ရဲ့ ဂစ်တာသမားဘ၀ကို ဒီဂစ်တာလေးနဲ့ ပဲစခဲ့ပြီး ယခုထိတိုင်အောင် ဒီဂစ်တာလေးကို အသုံးပြုနေစဲပါ။ Live Show မှာဖြစ်စေ Studio မှာဖြစ်စေ အများဆုံးအသုံးပြုခဲ့တဲ့ ဂစ်တာလည်းဖြစ်ပါတယ်။

Malmsteen ရဲ့ ဂစ်တာတွေရဲ့ ထူးခြားမှုတစ်ခုကတော့ သူ့ဂစ်တာရဲ့ Fretboard က Fret တွေကို အချိုင့်လေးတွေလုပ်ထားတဲ့အချက်ပါပဲ။ Malmsteen ကပြောပါတယ် “တစ်ချို့တွေက အချိုင့်လေးတွေလုပ်ထားတာကို ပိုပြီးမြန်မြန်တီးနိုင်ဖို့လို့ထင်ကြတယ်.. အဲဒါမဟုတ်ပါဘူး။ အချိုင့်လေးတွေက ကြိုးကိုတုန်ခါလို့ပိုကောင်းအောင်၊ အသံထွက်ပိုကောင်းအောင်လုပ်ထားတာပါ။ အမြန်တီးနိုင်ဖို့နဲ့ မဆိုင်ပါဘူး…. ပြောရရင် ဒီအချိုင့်လေးတွေရှိတဲ့ အတွက် မြန်မြန်တီးနိုင်ဖို့ ပိုတောင်ခက်ခဲ ပါတယ်” လို့ပြောသွားပါတယ်။

သူ့ဂစ်တာ The Duck ရဲ့ နောက်ဖက်မှာFerrari တံဆိပ်ကို ကပ်ထားသေးပါတယ်။ အောက်ကပုံကတော့ သူ့ရဲ့ The Duck နဲ့ သူ့ရဲ့ Ferrari တစ်စီးရဲ့ပုံပါ။


1 comments:

Unknown said...

စာလာဖတ်သူတွေ၊ ပညာသင်လာသူတွေ သမမျှတအောင် ဗဟုသုတတခါ၊ ပညာပေးတလှည့် တင်ထားတာ ချီကျူးစရာပါဗျာ။ စာတွေတ၀ကြီး ဖတ်သွားတယ်။