Saturday, May 31, 2008

New Guitar Tabs!!!!!!!!!! Special Thanks to uncletom666

အောက်ကသီချင်းတွေရဲ့ Tab တွေကတော့ ကို uncletom666 (မြန်မာကျုပစ်ဖိုရမ်ပေါ်မှ ) ကရေးထားတာပါ။ သီချင်းတွေကတော့ လေးဖြူတို့ အငဲတို့ သီချင်းတွေဖြစ်တဲ့ အတွက် ဂစ်တာဝါသနာရှင်တွေ အရမ်းလိုချင်တဲ့ Tab တွေပါ။ ဒီလို Tab တွေကို ကြိုစားပြီး တိတိကျကျနဲ့ အချိန်ကုန်ခံရေးပြီး ကျွန်တော့်ဘလောဂ်မှာပါတင်ခွင့်ပေးတဲ့ ကို uncletom666 ကို ဒီနေရာကနေပဲအထူး ကျေးဇူးတင်ကြောင်းပြောပါရစေ။

ကျွန်တော်ရေးထားတဲ့ Tab တွေလို မတောက်တခေါက် မဟုတ်ပါ၊ အရမ်းတိကျပြီး အရမ်းပြည့်စုံကောင်းမွန်တဲ့ Tab တွေ Notes တွေပါ။ ကျွန်တော်ကတော့ ဒီ Tab တွေအခုလိုရလို့ ကျေးဇူးတင်မဆုံးပါဘူး။

ကျွန်တော်ဒီဘလောဂ်လေးကို လုပ်ရတဲ့အကြောင်းကလည်း မြန်မာသီချင်းတွေအတွက် Tab တွေကိုရှဲယ်ဖို့၊ ကျွန်တော့် ဘလောဂ်လေးမှာစုစည်းထားချင်လို့ပါ။ မြန်မာ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို Tab လိုချင်ရင် internet မှာလည်းရှာလို့မရပါဘူး။ Guitar Pro version နဲ့ဆိုရင် ပိုတောင်ရှားပါသေးတယ်။ ဒါကြောင့် ဒီ Tab တွေဟာ အထူးတန်ဖိုးရှိတဲ့ Tab တွေပါ။ Tab တွေကိုလိုချင်ရင်တော့ အောက်က သီချင်းနာမည်တွေပေါ်ကိုကလစ်လိုက်ပါ။ Tab တွေကိုကြည့်ပြီးအရမ်းကြိုက်တယ်ဆိုရင်တော့ ကို uncletom666 ကိုကျေးဇူးတင်ကြပါ။ မြန်မာကျုပစ်ဖိုရမ်ထဲမှာရှိပါတယ်


နားနားပြီးပြော (မျိုးကြီး)
မိုးတိမ်တွေအကြောင်း (The Ants)
မျှော်လင့်ခြင်းကွင်းပြင် (အငဲ)
မလာပါနဲ့ solo (မျိုးကြီး)
လျှောက်လျှောက် (လေးဖြူ)

2 comments:

Anonymous said...

hey, thanks alot to u!

Unknown said...

Thanks