ကျွန်တော် ရန်ကုန်မှာတုန်းက မီးတွေကလဲ ပျက်.. ကျွန်တော်ကလဲ ဟိုသွားဒီသွားနဲ့ ဘာ တက်ပ်မှ ကောင်းကောင်းမလုပ်ဖြစ်ပါဘူး။ လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော်ထဲက အလဲအကွဲနဲ့ မျိုးကြီးရဲ့ တစိမ်းတစ်ယောက် ဆိုလို တက်ပ်နှစ်ခုပဲ လုပ်ဖြစ်ခဲ့တယ်ပေါ့..။
လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော်ကိုတော့ မကြိုက်ဘူး မကြိုက်ဘူး ပြောတဲ့သူတွေတော်တော်တွေ့ရတယ်..။ ကျွန်တော်ကတော့ အကြိုက်ကြီးမဟုတ်ပေမယ့် မျှော်မှန်းထားသလောက်ပါပဲ။
စာမျက်နှာတစ်ဆယ့်ငါး.. သီချင်းကိုတော့ အကြိုက်ဆုံးပါပဲ။ အရမ်းကိုကြိုက်ပါတယ်။ ငါ့ရဲ့လမင်း.. အလဲအကွဲ.. ပြန်ခဲ့ပါ.. စတဲ့ သီချင်းတွေကလဲ ဆိုကောင်း တီးကောင်းလေးတွေပါပဲ..။ လေးဖြူက သူ့အသက်အရွယ် အချိန်အခါနဲ့ ကိုက်ညီတဲ့ သီချင်းအေးအေး လေးတွေကို များများဆိုထားတယ်လို့ ယူဆမိပါတယ်။ သီချင်းတွေ တစ်ပုဒ်နဲ့ တစ်ပုဒ် အဓိပါယ်လေးတွေကလဲ သူ့ဟာနဲ့ သူ စပ်ဟပ်မိနေသလို ခံစားရတယ်ဗျာ..။ တစ်ယောက်ထဲ ဂစ်တာလေးနဲ့ တွေးချင်ရာတွေးပြီး ညည်းလို့ ကောင်းတဲ့ သီချင်းမျိုးလေးတွေပေါ့..။
ကျွန်တော်ကတော့ အရင်လို အပြင်းစားရော့ခ်တွေ မပါပေမဲ့လည်း လေးဖြူ သူ့အသက်အရွယ်နဲ့သူ ဆီလျော်တဲ့ စီးရီး တစ်ခုလို့ ယူဆပြီး အားရမိပါတယ်ဗျာ။
မျိုးကြီးရဲ့ တစိမ်းတစ်ယောက် ဆိုလိုကို ကျွန်တော့်သူငယ်ချင်းက သူတီးတတ်တယ်တဲ့..။ ကျွန်တော်ဂစ်တာပရိုနဲ့ ထည့်မယ်ဆိုရင် နုတ်တွေသူပြောပြမယ် ဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ။ ကျွန်တော်က ဂစ်တာပရိုမှာ ထည့်ပေးယုံပါပဲ။
လေးဖြူ အလဲအကွဲကတော့ သီချင်းနားထောင်ပြီး ကိုယ်ဟာကိုယ် အဆင်ပြေသလို လိုက်တီးတီးနေမိတာလေးတွေကို နည်းနည်းပါးပါးဆီးလျော်အောင်ပြင်ပြီး ဂစ်တာပရိုနဲ့ ရေးလိုက်တာပါ။ ချစ်စမ်းမောင်တီးသလို အသံလေးတွေမလှပေမယ့် ကိုယ်ဟာကိုယ် အပျော်တီးဖို့လောက်တော့ မဆိုးဘူးလို့ထင်ပါတယ်။
မျိုးကြီး - သူစိမ်းတစ်ယောက်
လေးဖြူ - အလဲအကွဲ

ခုလောလောဆယ်တော့ ကျွန်တော် စာမျက်နှာ တစ်ဆယ့်ငါး ကို တစ်နေ့ ၇၅ ခေါက်လောက် ဆိုနေမိတယ်ဗျာ..။
မျိုးကြီး - သူစိမ်းတစ်ယောက်
လေးဖြူ - အလဲအကွဲ

3 comments:
တစ်နေ့ ၇၅ ခေါက်ဆို လွန်တာပေါ့ဗျာ.. ဘယ့်နှယ့်..
နန်းညီကတော့ “အလွမ်း”ကို ကြိုက်မိ..
(မင်း ပြန်လာဖို့စဉ်းစားလို့ပေးပါကွယ်.. ) :D
စာမျက်နှာ တစ်ဆယ့်ငါး ကို တစ်နေ့ ၇၅ ခေါက်လောက် ဆိုနေမိတယ်ဗျာ ဆိုတဲ့ ရေးတာလေး သဘောကျတယ် freshup ကြီးရေ ၊၊ ကျနော် အလဲအကွဲ က အတီးလေးကြိုက်တယ် ၊၊ ဂီတာ မကျွမ်းကျင်ပါဘူး၊၊ နားထောင်ရတာ နှစ်ခြိုက်မိတယ်၊၊
အမယ် တစ်နေ့ ၇၅ ခေါက်ဆိုပါကလား..ဟီဟိ
Post a Comment