လေးဖြူ ရဲ့ သတိမေ့သွားတဲ့ည သီချင်းရဲ့ အင်ထရို လေးကို ဖိုရမ်တစ်ခုပေါ်မှာ တောင်းထားဖူးလို့ အဲဒါလေးကို ရှာကြည့်ထားတာလေးရှိပါတယ်..။ ဂစ်တာ Tuning ကိုတော့ Drop D Tuning နဲ့ ကော ရိုးရိုး Tuning နဲ့ပါရှာကြည့်ထားပါတယ်။
Drop D Tuning
Drop D Tuning ကတော့ အသုံးလဲများပြီး ခက်ခက်ခဲခဲလဲ ညှိနေစရာမလိုပါဘူး..။ ဂစ်တာရဲ့ အပေါ်ဆုံး ခြောက်ကြိုးကို E ကနေ D ကိုလျော့လိုက်ယုံပါပဲ..။ ရိုးရိုး ကြိုညှိ နည်းနဲ့ဆိုရင် power chord တွေကိုင်တဲ့ အခါ လက်ညှိုး ကအပေါ်ဆုံး ခြောက်ကြိုးကို ဖိထားပြီး လက်သူကြွယ်နဲ့ လက်သန်းနဲ့က လက်ညှိုးရဲ့ တစ်ကွက်ကျော်မှာ ငါးကြီးနဲ့ လေးကြိုးကို ဖိရပါတယ်..။ ခုခေတ်နောက်ပိုင်း မက်တယ်တွေ မော်ဒန်ရောခ့်တွေ စတဲ့ သီချင်းတွေမှာ power chord တွေကို အရမ်းလျင်လျင်မြန်မြန်ပြောင်းချင်တဲ့ အခါ.. အပေါ်ကပြောသလိုကိုင်တဲ့ အခါ၊ ကိုယ်လိုသလောက်မြန်မြန်မတီးနိုင်ပဲ အခက်အခဲလေးတွေရှိလာပါတယ်..။
အဲဒီအခါမှာ Drop D, Drop C အစရှိတဲ့ ကြိုးညှိနည်းတွေကို အသုံးပြုပြီး တီးခတ်ကြပါတယ်..။
Drop D ဒါမှမဟုတ် Drop D နဲ့ ပုံစံတူကြိုးညှိနည်းနဲ့ ညှိထားရင် power chord တွေကိုင်တဲ့ အခါ လက်တစ်ခြောင်းထဲနဲ့ တစ်ကွက်ထဲမှာ ဖိလိုက်တာနဲ့ power chord ကိုကိုင်ပြီးသားဖြစ်သွားပါတယ်..။
ပိုပြီး မြန်မြန်ဆန်ဆန် ပါဝါကောဒ့်တွေပြောင်းလို့ရတဲ့ အတွက်သုံးတာပါ..။
Malmsteen ဆိုရင် သူ့ဂစ်တာကို Eb မှာညှိပါတယ်..။ EADGBE ကနေ အကုန်လုံးကို half step လျော့ချလိုက်တာပါ..။ ကြိုးကိုလျော့ချထားလို့ Bend လုပ်တဲ့အခါတွေမှာ ပိုကောင်းပါတယ်..။

တစ်ချို့ဂစ်တာသမားတွေကတော့ အသံအလုံးကြီးကြီးလိုချင်တာကြောင့် D အထိလျော့ချပြီးတီးကြပါတယ်။ ကိုယ်လိုချင်တဲ့အသံနဲ့ သီချင်းပေါ်မူတည်ပြီး Tuning တွေကိုပြောင်းလဲအသုံးပြုတာပါ..။ ကိုယ့်ဟာကိုတီထွင်ပြီးကြိုက်သလိုညှိလို့လဲရပါတယ်..။ ကိုယ်အဆင်ပြေဖို့အတွက်သာအရေးကြီးတာပါ။ Tuning အမျိုးအစားတွေအများကြီးရှိနေတာလဲဒါကြောင့်ပါပဲ။
လေးဖြူရဲ့ သတိမေ့သွားတဲ့ည အင်ထရိုကိုလိုချင်ရင်တော့ အောက်မှာယူလိုက်ပါ..။
သတိမေ့သွားတဲ့ည Intro
Track 1 က ရိုးရိုး Tuning နဲ့ဖြစ်ပြီး Track 2 ကတော့ Drop D နဲ့ပါ။
လေးဖြူရဲ့ သတိမေ့သွားတဲ့ည အင်ထရိုကိုလိုချင်ရင်တော့ အောက်မှာယူလိုက်ပါ..။
သတိမေ့သွားတဲ့ည Intro
Track 1 က ရိုးရိုး Tuning နဲ့ဖြစ်ပြီး Track 2 ကတော့ Drop D နဲ့ပါ။
0 comments:
Post a Comment