Sunday, May 25, 2008

Scale လက်တွေ့

ရှေ့မှာ scale ကြောင်းအခြေခံလေး သီအိုရီသဘောမျိုးနဲ့ရေးခဲ့ပါတယ်။ ဒါပေမဲ့ scale ကိုဂစ်တာပေါ်မှာ ဘယ်လိုအသုံးပြုတယ်၊ ဂစ်တာရဲ့ fretboard (ဖလက်တံ) ပေါ်ကဘယ်နားမှာဘယ်လို scale တွေရှိတယ် စတဲ့ လက်တွေ့သဘောတရားတွေကိုတော့ မရေးပြရသေးပါဘူး။ ဒါကြောင့် ဒီပိုစ့်မှာ စကေးတွေဟာ ဂစ်တာပေါ်မှာဘယ်လိုရှိနေကြတယ်၊ ဘယ်လိုအသုံးပြုတယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။

ဂစ်တာ solo တွေတီးနိုင်ဖို့၊ ခက်ခဲတဲ့ riff တွေတီးနိုင်ဖို့၊ စတာတွေအတွက်၊ စကေး တွေကိုသိထားပြီး လေ့ကျင့်တီးခတ်ဖို့ပါတယ်။ စကေးတွေကို ဂစ်တာ fretboard ပေါ်မှာမလေ့လာခင် ဂစ်တာ fretboard ရဲ့ဘယ်နားမှာ ဘာသံတွေရှိတယ်ဆိုတာကိုအရင်ဆုံးလေ့လာသင့်ပါတယ်။


အပေါ်ကပုံကတော့ standard tuning ( EBGDA) နဲ့ကြိုးညှိထားတဲ့ ဂစ်တာတစ်ခုရဲ့ fretboard ပေါ်မှာရှိနေမည့် အသံတွေကိုပြထားတဲ့ပုံပါ။ ဒီလိုပုံတွေကို ဖော်ပြတဲ့အခါ ဂစ်တာကိုတီးနေချိန် ကိုယ့်ရဲ့ဂစ်တာ fret ကိုငုံ့ကြည့်တဲ့အခါမြင်ရသလို ဖော်ပြတတ်တာကိုသတိပြုပါ။ ဆိုလိုတာက.. ၁ ကြိုးက အပေါ်ဆုံးကိုရောက်နေပြီး ၆ ကြိုးကတော့ အောက်ဆုံးမှာပါ။ ပုံကိုသဘောပေါက်သွားရင်တော့ fretboard ပေါ်ကဘယ်နေရာမှာ ဘာအသံရှိတယ်ဆိုတာကိုလေ့လာပါ။ အလွတ်ကျက်စရာလည်းမလိုပါဘူး တီးနေရင်း ကိုယ်ဟာကို အာရုံလေးထားလိုက်ရင် အလွယ်တကူ ဘယ်နေရာကဘာရှိတယ်ဆိုတာသိသွားမှာပါ။ Fretboard နဲ့ရင်းနှီးသွားရင်တော့ စကေးအကြောင်းဆက်ပြောပါ့မယ်။

ထုံးစံအတိုင်း အခြေခံကျတဲ့ Major Scale ကိုပဲပြောပါ့မယ်။ ရှေ့က စကေး ပိုစ့်မှာပြောထားတဲ့ major scale ရဲ့ ပုံသေနည်းလေးကို သတိရပါ။ Major Scale ရဲ့ပုံသေနည်းကတော့ W-W-H-W-W-W-H ဆိုတာကိုပြန်သတိရပါ။ ဥပမာနေနဲ့ E major scale ကို ဂစ်တာရဲ့ fretboard ပေါ်မှာရှာကြည့်ပါမယ်။ E Major Scale မှာပါတဲ့အသံတွေကို အရင်ဆုံးကြည့်မယ်ဆိုရင် E-Gb-Ab-A-B-Db-Eb ဆိုတဲ့အသံတွေပါတာကိုတွေ့ရပါလိမ့်မည်။ ဒီတော့ Fretboard ပေါ်မှာ အဲဒီအသံတွေကလွဲပြီး တစ်ခြားအသံတွေကိုဖြုတ်လိုက်တဲ့အခါ Emajor scale မှာပါတဲ့အသံတွေပဲကျန်ခဲ့ပါမယ်။ အောက်ကပုံကိုကြည့်ပါ။

ပုံမှာပြထားတဲ့ နေရာတွေမှန်သမျှဟာ Emajor Scale မှာပါတဲ့အသံရှိတဲ့နေရာတွေချည်းပါပဲ။ အပြာရောင်နဲ့ပြထားတဲ့နေရာတွေကတော့ Root Note ဖြစ်တဲ့ E သံရှိတဲ့နေရာတွေကိုပြထားတာပါ။ ဒီတော့ Emajor Scale ကိုတီးမယ်ဆိုရင် ပုံမှာပြထားတဲ့ Root နေရာကနေ နောက် octave တစ်ခုမြင့်သွားတဲ့အသံအထိ၊ တစ်ကြိုးထဲမှာဖြစ်စေ ခြောက်ကြိုးလုံးဖြစ်စေ E-Gb-Ab-A-B-Db-Eb စတဲ့အသံတွေကိုအစဉ်လိုက်တီးသွားတာကို Emajor Scale လို့ခေါ်ခြင်းပါ။ ပုံမှာ Pattern 1, 2 စသဖြင့် တီးနိုင်တဲ့နေရာတွေကိုလည်းပြသထားပါတယ်။ ကိုယ်အဆင်ပြေသလို ပုံစံနဲ့တီးနိုင်ပါတယ်။ ကျွန်တော်တီးနေကျ Major Scale ပုံစံကတော့အောက်မှာပါ။

ကျွန်တော်ကတော့ Major Scale ဆိုရင်အဲဒီ pattern ကိုပဲတော်တော်အသုံးများပါတယ်။ ပုံမှာပြထားတာကတော့ Emajor Scale ဖြစ်တဲ့အတွက် ၆ ကြိုးရဲ့ လွှတ်ကြိုးကနေစပြီးတီးသွားပါတယ်။ ဒါမှမဟုတ် ၆ ကြိုးရဲ့ ၁၂ ကွက်ကနေ အဲဒီပုံစံအတိုင်တီးပါတယ်။ A major Scale ကိုတီးချင်တဲ့အခါ အဲဒီပုံစံအတိုင်းပဲ အစဆုံးနုတ်ကို Root note A ဖြစ်တဲ့ ၆ ကြိုးရဲ့ ၅ ကွက်မြောက်ကနေ အဲဒီ့ပုံစံအတိုင်း တီးလိုက်ပါတယ်။ တစ်ခြား major scale တွေအတွက်လည်း ဒီလို့ပါပဲ pattern ကိုမပြောင်းပဲ Root နုတ်တွေကိုသာပြောင်းပြီးတီးယုံပါပဲ။ ကျွန်တော်ပြောတဲ့အတိုင်း A major Scale ကိုတီးတဲ့အခါ အောက်မှာပြထားသလိုတွေ့ရပါမယ်။


ကိုယ်နဲ့အသားကျတဲ့ pattern ကို မြန်မြန်တီးနိုင်အောင် လေ့ကျင့်သင့်ပါတယ်။ အနိမ့်ကနေအမြင့် အမြင့်ကနေ အနိမ့် စသဖြင့် မြန်နိုင်သမျှမြန်မြန်တီးနိုင်အောင် လေ့ကျင့်သင့်ပါတယ်။ သီချင်းတွေရဲ့ solo တွေမှာဖြစ်ဖြစ်၊ ဂစ်တာ instrumental တွေမှာပဲဖြစ်ဖြစ် စကေးတွေကို အသုံးပြုတတ်ကြတဲ့အတွက် စကေးတွေကိုပိုင်နေလျင် solo တွေရဲ့ အမြန်ပိုင်းတွေအတွက် ပိုပြီးလွယ်ကူစေပါတယ်။ အသုံးများတဲ့ စကေးတွေကတော့ Major Scale, Minor Scale, Melodic Minor Scale, Harmonic Minor Scale နဲ့ Pentatonic Scale တွေပဲဖြစ်ပါတယ်။ ကျန်တဲ့စကေးတွေအကြောင်းကိုတော့ နောက်မှ အလျဉ်းသင့်သလို သိသလောက်ပို့စ်ရေးပါ့မယ်။

0 comments: