အကြိုက်ဆုံး သီချင်းတစ်ပုဒ်ပါ။ စပြီးကြားလိုက်တာနဲ့ကိုကြိုက်သွားတာပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဆို ဂစ်တာ လက်ထဲရောက်တာနဲ့ Canon Rock ကိုပဲတီးမိနေတာပါ။ တီးရင်းတီးရင်းနဲ့ video ရိုက်ထား ယင်ကောင်းမယ်ဆိုပြီးစဉ်းစားမိတာနဲ့ ကျွန်တော်တီးထားတာလေးကို ရိုက်ထားပါတယ်။ အောက်က လင့်ခ် မှာ download ပြီးကြည့် နိုင်ပါတယ်။
Canon Rock ( 78.5 Mb )
Canon ဆိုတဲ့သီချင်းက Johann Pachelbel ရဲ့  classic, piano သီချင်းတစ်ပုဒ်ပါ။ ကျွန်တော် အမှတ်မမှားဘူးဆိုယင် Pachelbel က Beethoven ထက်တောင် ရှေးကျတယ်ထင်ပါတယ်။ ရုပ်ရှင်နောက်ခံတီးလုံးတွေ၊ ကြော်ငြာတွေမှာ အဲဒီ တေးသွားလေးကို ကြားနိုင်ပါတယ်။
Canon Rock ကတော့ JerryC ( Jerry Chan ) လို့ခေါ်တဲ့ ထိုင်ဝမ် လူငယ် ဂစ်တာသမားက Canon Classic version ကို Rcok version ပြောင်းလိုက်ပြီး Canon Rock ဆိုတာဖြစ်လာတာပါ။ YouTube မှာတော့ လူကြည့်  အများဆုံး video တစ်ခုပါ။
ူCanon Rock ကို JerryC က YouTube မှာတင်ပြီးတဲ့နောက်မှာ ဒီသီချင်းကိုပဲ နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံက ဂစ်တာဝါသနာရှင်ပေါင်းစုံက ပြန်တီးကြပြီး YouTube မှာပြန်တင်ကြပါတယ်။
ဒီလိုပြန်တင်တဲ့အထဲမှာ funtwo ဆိုတဲ့ Korean လူငယ်ဂစ်တာ ၀ါသနာရှင် ရဲ့  video က တော်တော်ပဲ လူကြည့် များခဲ့ပါတယ်။
Tuesday, February 19, 2008
Canon Rock!!!!
ဘယ်လောက်တောင်များလဲဆိုရင် funtwo ရဲ့  video က JerryC ရဲ့  video ထက်တောင်လူကြည့် ပိုများသွားပါတယ်။
ကျွန်တော်ကတော့ နှစ်ယောက်လုံးကို ကြိုက်ပါတယ်။
Subscribe to:
Post Comments (Atom)
1 comments:
ur canon lel youtube mahr tin lite lay.. fun two htet lu kyi myar twar yin bee lo lote ma lel :DD hmm taw kyar jerry c lel cry nay ya ohn mal hee it's cool kyar yo kyar yo!! aza aza fighting :D
mwah.
ps. nauk lel video myar myar yike p tine par.
Post a Comment