Wednesday, November 26, 2008

ကျွန်တော့်် Favourite Riff များ (၁)

( ဒီပိုစ့်ကတော့ ကျွန်တော်ရေးတာမဟုတ်ပါ..။ အမှန်တကယ် ဂီတကို ဂျပန်မှာ သင်ကြားနေတဲ့ အွန်လိုင်းပေါ်က အစ်ကို တစ်ယောက်က ရေးပေးတာပါ..၊ မြန်မာ လက်ကွက် သေချာမသိပဲ စမ်းတ၀ါးဝါးရိုက်ပေးထာတာပါ..။ နောက်လဲ များများရေးပေးနိုင်ပါစေ ဆုတောင်းပါတယ်ဗျာ..။ )


ကျွန်တော့် အကြိုက်ဆုံး Riff များ

ပထမဆုံး Riff ကတော့ Metallica ရဲ့ နာမည်ကြီး သီချင်းတွေထဲက တစ်ခုဖြစ်တဲ့ Master of Puppet ရဲ့ Main Riff ဖြစ်ပါတယ်..။ ဒီ Riff ရဲ့ Scale ကို ကြည့်မယ်ဆိုရင်တော့ ထူးထူးခြားခြားမရှိလှပါဘူး..။ Open E ကို အခြေခံပြီး Chromatic ပေါင်းစပ်ထားတာပါပဲ..။ ဒါပေမဲ့ သုံးထားတဲ့ Pattern ကတော့ အရေးကြီးပြီး အသုံးများတဲ့ Pattern ဖြစ်ပါတယ်..။ Pattern ကိုကြည့်မယ်ဆိုရင် ABCA BCAB CABC ABCA ဆိုတဲ့ Pattern ကိုတွေ့ရပါလိမ့်မယ်။ ဆိုလိုတာက 1 Beat 4 notes မှာ 3 Notes ကိုပဲလှည့်သုံးထားတာပါ။ အဲဒီတော့ Mood နဲနဲ ခက်ပါတယ်။ 1 Beat 3 Notes Mood ထဲ ၀င်သွားတတ်ပါတယ်။ သေချာလေ့ကျင့်သင့်ပါတယ် ။

ဒီ Riff မှာ A ဆိုတာက 6th String က Open E. ။ B ဆိုတာက 6th string F note ဖြစ်ပါတယ်။ C ကတော့ သီချင်းမှာ ပုံသေမထားပဲ 5th String က Chromatic Notes တွေကို လှည့်သုံးထားပါတယ်။ ဒီ Pattern ရဲ့ ရိုးရှင်းတဲ့ ပုံစံကို Collective Souls ရဲ့ Bleed Solo ရဲ့ အစနဲ့ Hotel California သီချင်းက Ending Solo တွေမှာ တွေ့နိုင်ပါတယ်။ နဲနဲ ရှုပ်တဲ့ ပုံစံကို Alterbridge ရဲ့ One Day Remains ( မျိုးကြီး၊ မီးများ ) မှာ တွေ့နိုင်ပါတယ်။ ကျွန်တော်ပြောတာ ရှုပ်နေရင် Collective Souls ရဲ့ Bleed Solo ရဲ့ အစကို တီးကြည့်ရင် ရှင်းသွားမှာပါ..။

Free Image Hosting

နောက် Riff တစ်ခုကတော့ Aerosmith ရဲ့ Eat The Rich သီချင်းက Intro Riff ဖြစ်ပါတယ်။ ဒီ Riff မှာ သုံးထားတဲ့ Scale ကို မှတ်သားထားသင့်ပါတယ်။ အရမ်း အသုံးဝင်တဲ့ Blue Minor Scale ကို သုံးထားလို့ပါ။ ( Slash ဆို အရမ်း သုံးပါတယ်။ ) ဒီ Scale ကို Vamp အနေနဲ့ရော သုံးလို့ ကောင်းပါတယ်။ ( Pantera ရဲ့ Cowboy From Hell က Main Riff ကို ကြည့်ပါ )။ ဒီ Scale က Pentatonic Minor နဲ့ တော်တော် နီးစပ်ပါတယ်။ Pentatonic Minor ကို Fifth Flat ပေါင်းစပ်ထားတာပါပဲ။ ဒါကြောင့် တီးရတာ လွယ်ပါလိမ့်မယ်။ ဒီ Riff မှာ E Blue Minor Scale ( E G A Bb B D ) ကိုသုံးထားပြီး Fifth Flat ကတော့ Bb ဖြစ်ပါတယ်။ ဒီ Scale ကို Vamp မှာရော solo မှာရော ( Rock solo, Blues solo, Pop solo, etc.., ) အစုံ သုံးလို့ ကောင်းတာကြောင့် လေ့ကျင့်သင့်ပါတယ်။ ဒီ Riff ကတော့ မခက်လှတာကြောင့် လွယ်လွယ် တီးလို့ရမှာပါ။ တီးသာတီးကြည့်ပါ။ ကိုယ့်အတွက် တစ်ခုခုတော့ ရမှာပါ။

Free Image Hosting

Free Image Hosting

0 comments: