Thursday, June 26, 2008

လွမ်းတဲ့စိတ် (မျိုးကြီး)

ပိုစ့်အသစ်တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာတော်တော်ကြာသွားပြီ။ ဘလောဂ် ကို ရောက်လာတဲ့သူတွေကိုလည်း အားနာပါတယ်။ အဲဒါနဲ့ အခု ဟိုတစ်လောကတည်းက လုပ်နေတဲ့ မျိုးကြီးရဲ့ လွမ်းတဲ့စိတ် သီချင်းအတွက် guitar pro tab ကိုပဲတင်လိုက် ပါတယ်။ ဒီသီချင်းကို လုပ်နေတာကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက လုပ်လိုက် ရပ်လိုက်နဲ့ ကြားမှာတော်တော်ကြာ မလုပ်ပဲ ထားပြီး ဟိုတစ်နေ့ကမှ သေချာလေးပြန်လုပ်မိပါတယ်။


ဒီတစ်ခေါက်တော့ ဂစ်တာပရိုနဲ့ အတူ MIDI ဖိုင်ကို ပါတစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။ ဂစ်တာပရိုမသုံးတဲ့ သူတွေအတွက် MIDI ဖိုင်က ရိုးရိုး media player တစ်ခုခုနဲ့ လဲ သီချင်းဖွင့်သလိုဖွင့်လို့ရပါတယ်။ MIDI ဖိုင်ကို ဂစ်တာပရိုမဟုတ်ပဲ တစ်ခြား MIDI ဖတ်တဲ့ Software တစ်ခုခုနဲ့ ဖွင့်ရင်လဲ နုတ်စ်တွေ ပေါ်လာမှာပါ။
ဒီသီချင်းကို တော့ တတ်နိုင်သမျှ ကောင်းကောင်းလေးဖြစ်အောင်လုပ်ထားပါတယ်။ အမှာအယွင်းလေးတွေအတွက်ကတော့ ခွင့်လွှတ်ပေးပါ။

အမှန်တော့ဒီသီချင်းက Mr. Big ရဲ့ If That's What It Takes ပါ။ ဒါပေမဲ့ ဒီသီချင်းရဲ့ Tab ကို ဘယ် Tab ဆိုဒ်မှာမှ ရှာမရပါဘူး။ Tab ကိုလိုချင်ရင်တော့ အောက်ကလင်ခ့်မှာယူလိုက်ပါ။ IC unplugged version ပါ။

လွမ်းတဲ့စိတ် (မျိုးကြီး)

4 comments:

ကေ.တီ.အမ် said...

သားသားကြိုက်ကြိုက်
တကယ်ကျေးဇူးပါ
ကိုFreshup
ဒီဘလော့ခ်လေးနဲ့တွေ့ဆုံခွင့်ရလိုက်တာ
ကျွန်တော်အတွက် အဖိုးကိုမဖြတ်နိုင်ပါဘူး

ကေ.တီ.အမ်

ကေ.တီ.အမ် said...

ကို Freshup ရေ ...
မင်းကျောင်းမင်း ရေးခင်းပြတာမဟုတ်ပါဘူး
လွမ်းတဲ့စိတ် Intro လေးမှာ
ပထမဆုံးဘား ၅ကြိုး 1\3 slide ပြီးတော့
၎ကြိုး 2h3 ကအသံလေးလွဲနေလားလို့ပါ............
ကျွန်တော်ထင်တာကတော့
၃ကြိုး 0h3 အသံလို့ ထင်တာပါ
အဲဒီနောက်ကကျတော့ ကျွန်တော်ထင်တာတွေက
16Notes at the 1st String ... 0h1 ...,
then 32Notes ...2nd String 3rd Fret... & ...1st String 0...,
then 16Notes 2nd String 1st Fret 1
Half Notes 1st String 3rd Fret လို့ထင်တာပါ

နောက်တတိယဘား ၆ကြိုး 1\3 slide ပြီးတော့
၅ကြိုး 2ကနေ ၄ကြိုး 3 ဆင်းတဲ့ အသံလေးလွဲနေလားလို့ပါ
၎ကြိုးမှာပဲ 0h3 အသံလေးထင်လို့ပါ

ကျေးဇူးတင်ပါတယ်ဗျာ

Freshup said...

ဟုတ်တယ်အစ်ကို ကေ တီ အမ် ရေ.. အဲဒီအင်ထရိုလေးကို ဟိုပြင်ဒီပြင်နဲ့ နောက်ဆုံးအဲဒီလိုလေးပဲထားလိုက်တာ..
အစ်ကိုပြောမှ ဟာဒီလိုဘာလို့မလုပ်မိပါလိမ့်လို့ စဉ်းစားမိတယ်။
နုတ်စ် ဂျုရေးရှင်းတွေကတော့ သီချင်းအစမှာ ဂစ်တာတစ်ခုတည်းတီးထားတော့ အသေးစိတ်ကမှာလဲပျင်းတာနဲ့ တစ်ညီထဲထားလိုက်တာပါ။
ကျေးဇူးတင်တယ်အစ်ကိုရေ။ ကျွန်တော်ပြန်ပြင်ဦးမယ်။
အဲဒီ Tab တွေထဲက အမှားလေးတွေကို အစ်ကိုပြန်ပြင်ပြီး ကျွန်တော့်ကိုပြန်ပေးရင်လဲပေးပေါ့။ ၀မ်းသာပါတယ်အစ်ကိုရေ။ ဘေစ့်ကလဲ ထင်သလိုလုပ်ထားတာ။ :D

Anonymous said...

ဂီတတွေထဲမှာ ဂီတာနဲ့ စန္ဒယားကို အရမ်းတီးတတ်ချင်တာ။ အချိန်မပေးနိုင်တာရယ်။ ဆရာမရှိတာရယ်၊ သင်တန်းမသွားနိုင်တာကြောင့် ဘယ်ဟာမှ မ တတ်ဘူးဖြစ်နေတယ်။ ဟီး