Friday, March 14, 2008

Great Grandfathers of Rock

( ဒီပို့စ်က သူငယ်ချင်းရဲ့ ပို့စ်ပါ။ ရန်ကုန်ကနေ blogger ဘယ်လိုမှဝင်မရလို စိတ်မရှည်ပဲကျွန်တော်ပဲသူ့အစားတင်ပေးပါဆိုလို့ ကျွန်တော့ account နဲ့တင်ပေးလိုက်တာပါ။ Freshup)


ဒီနေ့တော့ ကျွန်တော်
ROCK ဂီတ ရဲ့ဘိုးအေကြီးတွေ ဘိုးဘိုးကြီးတွေ အကြောင်းပြောပါ့မယ်။ တကယ်တော့ ဒီ blog ကိုဝင်ကြည့်တယ်ဆိုတာ ROCKER တွေ(အနည်းဆုံးပန့်ခ် နဲ့ ပေါ့ပ်သမားတွေ) မို့လို့ဝင်ကြည့် တာလို့ ကျွန်တော်တို့ယူဆပါတယ်။ ဘယ် Rapper မှ ထားခဲ့ဦး tapping တို့ ရာဇဝင်များရဲ့သတို့သမီး solo တို့ကို အချိန်ကုန်ခံပြီး ဝင်ကြည့်ချင်မယ် မထင်ပါဘူး။

ကျွန်တော်ကတော့ ဒီblogမှာ Tab တွေရေးတဲ့ Freshup မဟုတ်ပါဘူး။ သူ့လိုလည်း မတီးတတ်ပါဘူး။ ကျွန်တော်က အရေးပိုင်းရယ် အဆိုပိုင်းရယ် ပိုအားသန်ပါတယ်။Band မှာကျွန်တော်က vocalist ပေါ့ဗျာ၊ Andy လို့ခေါ်ပါတယ်။ (ကဗျာတို့စာတို့ဝါသနာပါရင် www.raw-mix.blogspot.com ကို ဝင်ကြည့်ကြပါ ကျွန်တော်ရေးထားတာပါ သိပ်မကြာသေးဘူး (အဟိ.ကြုံတုန်းကြော်ငြာရတာ))

တကယ်တန်းကျတော့ ဘာရေးရမှန်း မသိဘူး။ အင်းလေ ရော့ခ် ဘိုးအေကြီးတွေဆိုတာနည်းတာမှ မဟုတ်တာ။ Presley ကစပြီး Steven Tyler တို့၊ Led Zeppelin တို့၊ Van HelenKurt Cobain တို့ စသည့်ဖြင့် အများကြီးဥစ္စာ၊ နောက်မှ ကျွန်တော်တို့ရဲ့ Blog နဲ့ကိုက်အောင် ဂီတာသမားတစ်ယောက်အကြောင်း သွားသတိရမိတယ်။ ဟုတ်ပါတယ်။ Jimmi Hendrix ပါ။ သူ့ကို အခုနောက်ပိုင်း ရော့ခ် တွေရဲ့ အဘိုးလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ROCK တီးရာမှာ မရှိမဖြစ်တဲ့ Effect ကိုစပြီး တီထွင်သုံးစွဲခဲ့လို့ပဲ။ သူမရှိခဲ့ရင် ယနေ့ခောတ်ရော့ခ်ဟာ Presley ခောတ်က ROCK & ROLL ထက် မပိုတဲ့ ရိုးရိုးဟော်လိုဂစ်တာထက် အသံပိုကျယ်ရုံပဲရှိတဲ့ Electric ဂစ်တာတွေ နဲ့ ငြီးစီစီဖြစ်နေမှာပေါ့။

တကယ်တော့ ROCK ဟာ BLUES သီချင်းတွေနဲ့ မြစ်ဖျားခံပါတယ်။ တချို့ကPresley၊ တချို့က Presley မတိုင်ခင် Chuck Berry ဆိုတဲ့ လူမည်း BLUES သမားက ROCK &ROLL ကို စတင်တီထွင်ခဲ့တယ် လို့ဆိုပါတယ်။ နောက်ပြီး ROCK Music သမိုင်းစာအုပ်တွေမှာတော့ ROCK ဟာ ROCK & ROLL ကစပါတယ်၊ အဲဒီ ROCK & ROLL ဟာ အမေရိကန် Country နဲ့ Blues တို့ပေါင်းစပ်ခြင်းဖြင့် ပေါ်ပေါက်လာတယ်လို့ဆိုပါတယ်။ Country မှာ ဟော်လိုဂစ်တာပဲ သုံးခဲ့ပါတယ်၊ Blues မှာတော့ Electric Guitar တွေပါလာပါပြီ။Effect တွေကတော့ ROCK & ROLL ခောတ်တော်တော်ကြီးကောင်းတဲ့ (Presleyခောတ်) အထိမပေါ်သေးဘူး။ ကြည့်မယ်ဆိုရင် ဒီနေ့ခောတ်ရဲ့ ROCK ဟန်ပန်တွေဟာ Country တို့၊ Blues တို့၊ ROCK & ROLL တို့နဲ့လုံးဝ ကွဲပြားပြီး Effect တွေ၊ Electric Concept တွေ scales တွေ vamp တွေနဲ့ မြိုင်ဆိုင်အားကောင်းသွားခဲ့ပါပြီ။ အဲဒါတွေဟာ Jimmi Hendrix ကစပါတယ်။

Jimmi Hendrix ကို ၁၉၄၂ ခု နိုဝင်ဘာ ၂၇ ရက်နေ့မှာ Seattle မြို့မှာလူမည်းမိသားစုကနေ မွေးဖွားခဲ့ပါတယ်။ Jimmi ရဲ့ ငယ်ဘဝဟာ အလွန်စည်းကမ်းကြီးစနစ်ကျတဲ့ ဖခင်ရဲ့လက်အောက်ကြီးပြင်းခဲ့ရပါတယ်။ ၁၉၅၇ ခုနှစ် ၁၅ နှစ်သားမှာ ဂျင်မီဟာ Pesley ရဲ့ ဂီတ Show ပွဲတစ်ခုကို ကြည့်လိုက်ရပြီး သူ့ဘဝမှာ ဂီတပိုးစတင်ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် အသက် ၁၆ နှစ်သားမှာ သူ့ဖခင်က second-hand ဟော်လို ဂစ်တာ တစ်လုံးဝယ်ပေးခဲ့တယ်။ "ဂျင်မီကကျွန်တော်ကို ဂစ်တာတစ်လုံးဝယ်ပေးဖို့ပူုစာတယ်။ ကျွန်တော်လည်းကောင်းပြီဆိုပြီး ပိုက်ဆံထုတ်ပေးလိုက်တယ်လေ။ အဲဂစ်တာလဲရရောအချိန်အားတိုင်း နားတယ်ရယ်မရှိတော့ပါဘူးအမြဲတမ်းတီး နေတော့ တာပါပဲဗျာ။" Jimmi ရဲ့ဖခင် Al Hendrix ကနောက်ပိုင်း ပြောခဲ့တာပါ။

၁၉၅၉ နွေရာသီ မှာ ပထမဆုံး Electric Guitar ကိုကိုင်နိုင်ခဲ့တယ်။ အဲဒီတုန်းက Supro Ozark 1560 S ဆိုတဲ့အမျိုးအစားပေါ့။ နောက် Rocking Kings ဆိုတဲ့ Band ငယ်လေးတစ်ခုကို ဝင်ခဲ့တယ်။ "ကျွန်တော့် ပထမဆုံး ဂစ်တာသမားအတွေ့အကြုံက သူတို့နဲ့ National Guard Armory တပ်မှာ ဖျော်ဖြေရတာပါ အဲဒီတုန်းက ကျွန်တော်တို့ တယောက်ကို တပုဒ် ၃၅ ဆင့် စသည်ဖြင့်ရခဲ့ကြတယ်။" လို့သူကပြောခဲ့တယ်။

၁၉၆၁ မှာ Jimmi ဟာ စစ်တပ်ထဲဝင်လိုက်ပါတယ်။ Fort Campbell, Kentucky လေထီးတပ်မှာ တာဝန်ကျပါတယ်။အဲဒီလို လေထီးခုန်နေရင်းနဲ့ ၁၉၆၁ နိုဝင်ဘာ ၁ရက်နေ့မှာ the King Kasuals ဆိုတဲ့ တပ်တွင်း Band လေးတစ်ခုကို သူ့သူငယ်ချင်း ဝါသနာတူ Billy Cox ဆိုတဲ့ စစ်သားတစ်ယောက်နဲ့ အတူဖွဲ့စည်းခဲ့တယ်။

မကြာပါဘူး ၁၉၆၂ ဂျူလိုင်လမှာ လေထီးခုန်ရင်း ခြေထောက်ဒဏ်ရာရသွားခဲ့လို့တပ်ကနေ အနားပေးခံရတယ်။ အဲဒီနောက် ၃နှစ်လောက်အကြာမှာတော့ သူဟာ shows တွေ မှာတီးခတ်ခဲ့တယ်၊နောက် R&B stars တွေ ရဲ့အခွေတွေမှာ session player အဖြစ်ဝင် တီးပေးခဲ့တယ်။

အဲဒီလိုတီးနေရင်း သူစိတ်ထဲမှာ သိပ်ဘဝင်ကျပုံ မရပါဘူး။ သူဟာ အမြဲတမ်း ဂီတသစ်ကို ရှာဖွေ နေပုံပါပဲ။ ဒီနေရာမှာ တစ်ခုပြောပါရစေ။ သူဟာဘယ်သန်တစ်ယောက်ပါ။ သူ့ရဲ့ Left-handed ဂစ်တာစတိုင်က တော်တော်များများကို ဦးနှောက်ခြောက်စေခဲ့ပြီး နောက်ပိုင်းခောတ်တချို့အထိ လွှမ်းမိုးခဲ့ပါတယ်။ ဂီတသစ်ကိုရှာဖွေရင်း Electronic သမားတွေနဲ့ပေါင်းပြီး effect ကိုတီထွင်နိုင်ခဲ့တယ်။ Distortion အသံတွေ. Feedback အသံတွေ၊ wah wah effect စတာတွေကို ဖန်တီးခဲ့တယ်။ Jimmy James and the Blues Frames ဆိုတဲ့ Band ကိုတည်ထောင်ခဲ့တယ်။ နောက်ပိုင်း ၁၉၆၆ အောက်တိုဘာ မှာ သူ့ရဲ့ပထမဆုံ single "Hey Joe" ဆိုတဲ့သီချင်းကိုအသံသွင်းနိုင်ခဲ့တယ်။

တကယ်တော့ ROCK Music ဆိုတာစပေါ်ကတည်းက ပန်းခင်းသောလမ်းကိုလျှောက်လှမ်းပြီး လာခဲ့ရတာ မဟုတ်ပါဘူး။ အမျိုးမျိုးသော ဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရပါတယ်။ ဒီနေ့ခောတ်မှာတောင် Rapper တွေရဲ့ ခဏခဏ ခနိုးခနဲ့ ပြောမှုကိုခံနေရဆဲပါ။ Rocker ကြီး Aerosmith (Steven Tyler) နဲ့ Rap ဘိုးအေကြီးတွေ ဖြစ်တဲ့ Run DMC အဖွဲ့ တို့ပူးတွဲသီဆိုခဲ့တဲ့ Walk This Way သီချင်းရဲ့ "ငါတို့ဟာဂီတဆိုတဲ့လမ်းမှာ အတူတူလျှောက်နေကြတယ်" ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်ပုံ မရကြဘူး။ ဒါကထားပါတော့လေ။ အရင်တုန်းက ROCK ဟာ ဒိထက်ပို အတိုက်အခိုက်ခံခဲ့ရတယ်။ Presley ကလူငယ်တွေကြားမှာခောတ်စားနေပေမယ့် လူကြီးတွေကတော့ "တော်တော်လှုပ်ခါရွပိုးထတဲ့အကောင်" လို့ဆိုခဲ့တယ်။ ဒီအချိန်မှာပဲ Jimmi Hendrix ရဲ့ Effect ဆိုတာကထပ်ပေါ်လာတော့ ပုံမှန်ဂစ်တာသမားတွေ အကြားတော်တော်ကြီး ဂယက်ရိုက်သွားခဲ့တယ်လို့ ဆိုရမယ်။ ကလပ်စီကယ် ဂုရုကြီး Segovia ကဆိုရင် "They are not music but noises!" "ဒါတွေကဂီတမှမဟုတ်တာ ဆူညံသံတွေ သက်သက်ပဲ"လို့ပြင်းပြင်းထန်ထန်ကိုဝေဖန်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် Jimmi Hendrix ကအဲဒီအချိန်မှာ နာမည်ကြီး Musician တစ်ယောက်ဖြစ်သွားခဲ့တယ်။

တကယ်တော့ Jimmi Hendrix ရဲ့ celebrity ဘဝက ဘာမှမကြာလိုက်ဘူး၊ လေးနှစ်လောက်ပဲ ကြာလိုက်တယ်။ Rocker တော်တော်များများရဲ့ခါးသီးတဲ့ဘဝ အတွေ့အကြုံတွေနဲ့အတူ ဖြစ်လာခဲ့တဲ့ ဆိုးဝါးတဲ့ အားနည်းချက်ကြောင့်ပဲဆိုပါတော့။ ပင်ပန်းမှု၊စိတ်ဖိစီးမှုတွေကြောင့် မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လာ ခဲ့ရတယ်။ ၁၉၇၀ စက်တင်ဘာ ၁၈ မှာ ဆေးအလွန်အကျွံသုံးပြီး အိပ်ပျော်သွားခဲ့ရာက အသက်ရှုမဝတဲ့ ရောဂါနဲ့ သူနေတဲ့ Samarkand Hotel အခန်းထဲမှာ သေဆုံးနေတာတွေကြရပါတော့တယ်။ သူသေဆုံးချိန်မှာ သူ့အသက်က ၂၇ နှစ်ပဲရှိပါသေးတယ်။ သူသေဆုံး သွားပေမယ့် သူအုတ်မြစ်ချပေးခဲ့တဲ့ သူ့ရဲ့ Method တွေဟာ နောက်ပိုင်း Steve Vai တို့ ထိဆက်လက်လွှမ်းမိုးခဲ့ပြီး သူတီထွင်ခဲ့တဲ့ Distortion Effect ကတော့ ယနေ့ ROCK ၊ အထူးသဖြင့် Modern ROCK တွေမှာ အခုထိမရှိမဖြစ်အရေးပါ သုံးစွဲနေကြရပါတော့တယ်။



3 comments:

Anonymous said...

Rock နဲ့ပတ်သက်လို့ ဗဟုသုတ တော်တော်ရပါတယ်.. Great grandfather ကနေ ခုခတ် son တွေ daughter တွေထိရေးပါ.. ကောင်းပါသည်.. :D

Anonymous said...

Jimi Hendrix သီချင်း အကုန်နားမထောင်ဘူးပေမယ့် တချို့ သီချင်းတွေ တော်တော်ကြိုက်ပါတယ်။ Voodoo Child တို့ Machine Gun တို့ပေါ့။ VooDoo Child ကို Zakk Wylde နဲ့ Slash နဲ့တောင် အတူပြန်တီးကြသေးတယ်နော်။ effect တွေ စဖြစ်လာတာတွေ ဗဟုသုတ ဖြစ်စရာတွေပဲဗျာ။ အားပေးနေပါတယ်။

ကျော်ဦး(လှိုင်) said...

SHEAR လုပ်ခွင့်ပြုပါခင်ဗျာ ဂီတကိုချစ်တဲ့ လူတိုင်းသိရအောင်ပါ