Monday, February 25, 2008

တစ်ခါကဧရာဝတီညများ ဇာတ်ဝင်သီချင်း solo

တစ်ခါကဧရာဝတီညများ ရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းကို သူငယ်ချင်းတစ်ယောက်ကပေးလို့
နား ထောင်ဖြစ်ပါတယ်။ လေးဖြူ ဆိုထားတာပါ။ သီချင်းနာမည်ကတော့ ဧရာဝတီ လို့ပဲထင်ပါတယ်။ သီချင်းကိုနားထောင်ပြီး solo လေးကိုကြိုက်လို့ Tab ရှာကြည့် လိုက်ပါတယ်။ မူရင်းသီချင်းကတော့ A# နဲ့ပါ။ တီးရတာ ပိုပြီးအဆင်ပြေအောင် A နဲ့ရေးထားပါတယ်။ ဒီ solo ကတီးမယ်ဆိုရင်ဘာမှမခက်ပါဘူး။ solo အ၀င်မှာ E Major scale လေးပြေးတာကတော့ scale တွေကျင့်ထားရင် အဆင်ပြေမှာပါ။
solo ရဲ့ အဆုံး ပြီးခါနီးတစ်နေရာမှာArpeggio လေးတစ်ခုကိုသုံးသွားပါသေးတယ်။ A Major arpeggio ပါ။ ဒီ solo မှာကတော့ အမြန် arpeggio မဟုတ်ပဲ အနှေး arpeggio ပဲဖြစ်တဲ့အတွက် sweep picking နဲ့တီးစရာမလိုပါဘူး။

Arpeggio တွေကို solo တွေမှာ အနှေး၊ အမြန် စသဖြင့် အမျိုးမျိုး သုံးကြပါတယ်။ ဒါကြောင့် Arpeggio တွေကို လေ့ကျင့်သင့်ပါတယ်။ Arpeggio တွေကို sweep picking နဲ့တွဲပြီး အမြန်တီးတာတွေကိုလေ့ကျင့်သင့်ပါတယ်။
မြန်နိုင်သမျှ မြန်မြန် တီးနိုင်အောင် လေ့ကျင့်သင့်ပါတယ်။ Arpeggio အကြောင်းကို နောက်မှအသေးစိတ်
သိသလောက်ရေးပြီတင်ပါမယ်။


ဧရာဝတီ solo (လေးဖြူ)

( solo ကိုရှာနေတုန်းက solo အ၀င်လေးက scale လေးကိုပဲစိတ်ထဲစွဲနေလို့ file name ကို irrawadi solo in E လို့မှားပြီးပေးထားပါတယ်။ အ၀င် scale ကိုစိတ်စွဲသွားလို့ပါ။ အမှန်ကတော့ key A မှာပါ )

နီးနီးလေးနဲ့ဝေး နဲ့ အင်းယားလမ်းမှပန်းဆိုင် solo နှစ်ခုကိုလည်း တင်ပေးထားပါတယ်

1 comments:

Anonymous said...

I can't find big bag song tap . pls upload for me again . thanks