Monday, February 18, 2008

လေးဖြူ ရဲ့  အလွမ်းများ solo

လေးဖြူ ရဲ့  အလွမ်းများ solo ကတော့ ကျွန်တော်အကြိုက်ဆုံး solo တစ်ခုပါ။ သီချင်းရဲ့  သံစဉ်.. စာသား.. နောက်ခံတီးလုံး... အားလုံးကိုကြိုက်ပါတယ်။ မူရင်းသီချင်းကတော့ Fair Warning ရဲ့  Long Gone ဖြစ်ပါတယ်။
ဒီသီချင်းရဲ့  solo ကိုကျွန်တော် ကိုယ့်ဟာကိုယ် ရှာပြီးတီးနေတာကတော့ ကြာပါပြီ။ တစ်နေ့ကမှ Fair Warning, Long Gone ကို internet မှာ Tab ရှာကြည့် တာ လုံးဝ ရှာလို့မတွေ့  ပါဘူး။ အဲဒါနဲ့ပဲ ဒီ solo လေးကလည်း တီးနေကျဖြစ်နေတာနဲ့ ကိုယ်ဟာကိုယ် စမ်းသပ်ပြီး Guitar Pro နဲ့ Tab ရေးကြည့် လိုက်ပါတယ်
Tab ကိုလိုချင်ယင်တော့ ဒီမှာယူပါ
ဒီ solo မှာ တီးဖို့နည်းနည်းအခက်အခဲရှိမယ့်အပိုင်းကတော့ D major Arpeggio ကို sweep picking နဲ့တီးလိုက်ပြီး ညာဘက်လက်နဲ့ ၁ ကြိုးရဲ့  ၁၀ ကွက်မြောက်ကို tap ထောက်တဲ့နေရာလေးပါ။
နားထောင်ရတာကောင်းသလို Arpeggio နဲ့ sweep picking ကိုတီးလေ့တီးထမရှိယင်တော့ လက်ပေါက်ကပ်မယ့်နေရာလေးပါ။
ကျန်တဲ့အပိုင်းကတော့ထွေထွေထူးထူး ပြောစရာမရှိပါဘူး။
ပြောချင်တာတစ်ခုကတော့ ကျွန်တော်ရေးထားတဲ့ Tab မှာ အမှားတွေပါနိုင်ပါတယ် ဆိုတာပါပဲ....

2 comments:

Anonymous said...

နားကို မလည်ဘူးဟေ့.. ဟီဟီ :P
သီချင်းလဲ မတင်ပဲနဲ့

Anonymous said...

bal lo download ya ma lal