Monday, February 18, 2008

ဂစ်တာသမားတိုင်းလိုအပ်တဲ့ Guitar Pro Software

ရှေ့ ကပိုစ့်တွေမှာ ကျွန်တော်ရေးထားတဲ့ Tab တွေ Notes တွေ ဆိုတာ Guitar Pro Tab Editor နဲ့ရေးထားတာပါ။
အဲဒီ File တွေကိုဖွင့်ဖို့အတွက် Guitar Pro Tab Editor ဆိုတဲ့ Software လိုပါတယ်။
ဂစ်တာ သမားတိုင်းအတွက် အလွန်အသုံးဝင်ပါတယ်။ ကိုယ်လိုချင်တဲ့သီချင်းရဲ့  Notes, Tabs တွေကို internet ပေါ်မှာအလွယ်တကူရှာပြီး download လုပ်နိုင်ပါတယ်။ File size ကလည်း 30-40 kb လောက်လေးတွေပဲရှိတာမို့ အသုံးပြုလို့လည်းအဆင်ပြေ၊ download ရတာလည်းမြန်ပါတယ်။ Text Tab တွေနဲ့မတူတာကတော့ Guitar Pro က အသံလည်းထွက်ပေးပါတယ်။ Staff Notes တွေကိုလည်းကြည့် နိုင်ပါတယ်..။
Text Tabs တွေကတော့ ကိုယ်တီးတာကဘယ်နားမှာမှန်းမသိ၊ သီချင်းကဘယ်လိုမှန်းမသိနဲ့ အဆင်မပြေပါဘူး။
Guitar Pro ကတော့ အစစ အရာရာ အားလုံးအဆင်ပြေအောင်လုပ်ထားပါတယ်။

http://www.guitar-pro.com/ မှာ software အကြောင်းကိုအသေးစိတ်လေ့လာပြီး download ယူနိုင်ပါတယ်။
ရန်ကုန် က Software CD ရောင်းတဲ့ဆိုင်တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်။
Guitar Pro Tab တွေကို download လုပ်နိုင်တဲ့ site တွေကတော့ Blog ရဲ့  side bar က Guitar Tabs ဆိုတဲ့နေရာမှာ ကျွန်တော်သုံးနေကျ site တွေကို Link ပေးထားပါတယ်။

Guitar Pro လို ကျွန်တော်သိတဲ့နောက် Tab Editor တစ်ခုကတော့ Power Tab Editor ပါ။
Power Tab တွေကိုလည်း internet ပေါ်မှာ အလွယ်တကူ ရယူနိုင်ပါတယ်။ ဒါပေမဲ့ Power Tab Editor က Guitar Pro Tab Editor လောက် ပြည့်ပြည့် စုံစုံ မရှိပါဘူး..
Guitar Pro ကသာ အကောင်းဆုံးပါ။

Guitar Pro Tab Editor နောက်ဆုံး version ကတော့ Guitar Pro 5.2 with RSE ( Realistic Sound Engine ) ဖြစ်ပါတယ်။

2 comments:

Unknown said...

ဖုန်းနဲ့သုံးတဲ့သူ​တွေအတွက်​ tab player ကလည်း​ကောင်းတယ်​ဗျ

Unknown said...

ကျေးဇူးကမ္ဘာပါဗျာ