အခုတလော psycho ဆန်တဲ့သီချင်းတွေ၊ thinking ပါတဲ့ သီချင်းတွေ၊ အဲ...စာဆိုရင်လည်း dystrophic စာတွေချည်းပဲ ဖတ်ဖြစ်နေတယ်။ Utopia ဆိုတာ ကြားဖူးကြလား... အကြွင်းမဲ့ပြည့်စုံပြီး သာယာငြိမ်းချမ်းတဲ့နေရာကို utopia လို့ခေါ်ကြတယ်။ အဲဒါနဲ့ဆန့်ကျင်ဘက်ကျတော့ dystopia ပေါ့။ dystrophic ဆိုတာ အဲဒီအကြောင်းတွေပဲ။ George Orwell ရဲ့ Animal Farm တို့ 1984 တို့ဆို dystopia ကို သောက်ကျိုးနဲပီပြင်အောင်ရေးထားတာပေါ့။ ဒါတောင် George Orwell က မြန်မာပြည်မှာ ကိုလိုနီခေတ်တုန်းက ၅နှစ်ပဲနေဖူးလို့။ အခုချိန်သာနေဖူးရင် ပိုပြီးပီပြင်မှာသေချာတယ်။
အဲဒီ Dystrophic ဆိုတာကြီးနဲ့ဆိုင်တာတွေကိုတော့ နောက်များမှ ရေးတော့မယ်။ အခုကော…။တခါတလေ ကျွန်တော်တွေးမိတယ်။ ကျွန်တော့်တို့ခေါင်းပေါ်မှာ မိုးကောင်းကင်ရှိတယ်။ မိုးကောင်းကင်မှာ တိမ်တွေရှိတယ်။ ကျွန်တော့်တို့ခြေထောက် အောက်မှာမြေကြီးရှိတယ်။ မြေပြင်ပေါ်မှာ လူတွေရှိတယ်။ အဲဒီလို ဆန့်ကျင်ဘက်အရပ်က မတူညီတဲ့ နာမ်နှစ်ခုမှာ တူညီတဲ့ ဒေသနာတွေရှိတယ် ဆိုရင်လက်ခံကြမလား။ အဲဒါကိုတွေးမိစေတဲ့ သီချင်းတစ်ပုဒ် အကြောင်းပါ။ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ် ကစလို့ အဲဒီတရားကိုလက်ခံတဲ့ သီချင်းတွေအများကြီးရှိပါတယ်။ အခုပြောမှာကတော့ own tune လေးတစ်ပုဒ်ပါ။ ဒီ site က သီချင်း site ဆိုတော့ သီချင်းတွေပဲတွေလာမှာပေါ့။ အခု ကျွန်တော်ပြောချင်တာက The Ants ရဲ့ မိုးတိမ်အကြောင်း ပါ။ သူတို့ရဲ့ ပထမဆုံးစီးရီး ရောင်စုံချောကလက် ထဲကသီချင်းပါ။ ကျွန်တော် စိတ်ထင် ၁၉၉၆-၉၇ လောက်ကထင်တာပဲ။ အဲဒီသီချင်းကို ကေအေတီက စာသားဖွဲ့ပြီး မောင်မောင်ဇော်လတ်က သံစဉ်ထည့်ပါတယ်။ ကိုထူးအိမ်သင်က ဆိုထားပါတယ်။ လူတွေကတိမ်တွေနဲ့ ဘယ်လောက်များတူနိုင်ပါ့မလဲ…။
Intro: Dive Picking and စည်း
တိမ်တွေဖွဲ့စည်းထား မြင်သာချိန်အခိုက်အတန့်လေးမှာ တိမ်တွေပြိုကွဲသွား…
ငါထိုင်နေခဲ့တာ အားလုံးပေါင်းကြည့်တော့…
တစ်ရက်နှစ်ရက်လောက်ထက် ပိုနိုင်ပါ့မလား…
အိုး… တိမ်တွေလိုများ သွားနေလား… အချိန်ဆိုတာ ဘဝအတွက်ဖြည့်စွက်ခြင်းပေါ့…
မှတ်သား…ငါ့နှလုံးသားများဟာ…ဘယ်သူ့ရဲ့လက်မှာစတေးဖို့ လိုက်သွား… မြင်ပြီလား …
မရည်ရွယ်ခဲ့ခြင်းများ… ရည်ရွယ်ရာ အခိုက်အတန့်လေးမှာ နေရာယူပြီးသွား…
ငါငြိမ်နေတော့လေ အားလုံးနစ်မြုပ်လို့… ငါ့နှလုံးသားများ…နာကျင်ကြေကွဲ…
အိုး…ငါထင်တာများ…မှားနေပြီလားဘဝရယ်… အချိန်ဆိုတာ ဘဝအတွက်ဖြည့်စွက်ခြင်းပေါ့…
မှတ်သား…ငါ့နှလုံးသားများဟာ…ဘယ်သူ့ရဲ့လက်မှာစတေးဖို့ လိုက်သွား…နေ့များ
Music: Violin and Dive Picking and စည်း
သီချင်းတစ်ပုဒ်လုံးကို စည်းရယ်၊ electric picking ရယ်၊ တယောရယ်၊ ပီယာနိုလေး လေးဘားလောက်ရယ် နဲ့ပဲတီးသွားပါတယ်။ ကြည့်ရတာ Arrangement က ကိုထူးအိမ်သင်ပဲဖြစ်ပုံရတယ်။ Traditional ရယ် Modern Music ရယ်ကို စနစ်တကျနဲ့ လှပအောင် တွဲစပ်ဖန်တီးနိုင်တာ မြန်မာပြည်မှာ သူပဲရှိခဲ့တာကိုး။
သီချင်းက သံစဉ်ကိုက ရိုးစင်းပြီးလှနေတာပါ။ စာသားကလည်း ပြောစရာမရှိပါဘူး။ လောကမှာ ရိုးပြီးလှတာ တွေလဲရှိပါတယ်။ သီချင်းအစမှာ သီချင်းထဲကငါက တိမ်တွေကို ကြည့်ရင်း တီးတိုးရွတ်ဆိုနေတယ်… တိမ်တွေတွေ့နေရတယ်… ကြည့်နေရင်းနဲ့ ပြိုကွဲသွားတယ်… ဗုဒ္ဓရဲ့ ဒေသနာတော်အတိုင်း ဖြစ်ပျက်မှု နဲ့မမြဲမှုတို့ကို တွေ့မြင်လိုက်ရတယ်။ သံဝေဂပန်းချီကား တစ်ချပ်ကို ရုတ်တရက် လှပ်ကနဲမြင်လိုက်ရသလိုပါပဲ။ ကိုယ့်ဘဝဟာလည်း တိမ်တွေလို လိုပဲလား… တည်မြဲမှု မရှိပါလား… အဲဒါကို “ငါထိုင်နေခဲ့တာ အားလုံးပေါင်းကြည့်တော့…တစ်ရက်နှစ်ရက်လောက်ထက် ပိုနိုင်ပါ့မလား” လို့ဆိုထားတယ် …။ ခင်ဗျားတို့ ကျွန်တော်တို့တွေကော ဒီအတိုင်းပဲလား။ တကယ်တော့ ကျွန်တော်တို့လို လူ့အန္ဓတွေအတွက် ဆရာတော် အကျော်အမော်တွေထက် သီချင်းတွေကပဲ ပိုတရားပြနိုင်ပါသလား…။ နောက်ပြီး ဘယ်သိပ္ပံပညာရှင်မှ အဖြေမရှာနိုင်သေးတဲ့ အချိန်ကိုကော…။ သီချင်းထဲကသူကတော့… ဘဝရဲ့ ဖြည့်စွက်မှူတစ်ခု လို့ပြောတယ်…။ အချိန်က ဘဝရဲ့အဖြည့်ခံဆိုတော့ ကျွန်တော်တို့တွေကော…၊ အချိန်ရဲ့အဖြည့်ခံတွေလား။ နောက်ပြီး ကျွန်တော်တို့မှာကော ကိုယ်ပိုင်ဆိုင်မှု ဘာရှိဦးမလဲ… ဇာတ်ဆောင်ကတော့ သူ့နှလုံးသားတောင် ပိုင်ဆိုင်ပုံမရပဲ တခြားတယောက်အတွက် စတေးလိုက်ရတယ်။ ကျွန်တော်တို့ကော ဘယ်လောက်များစတေးပြီးပြီလဲ… ဘာတွေစတေးလိုက်ရလဲ… စတေးလိုက်ရတာကော တန်လိုက်ရဲ့လား…။
ဘဝမှာ မရည်ရွယ်တာတွေဖြစ်လာတဲ့အခါ ကျွန်တော်တို့ဟာ တိမ်တွေနဲ့ စည်းမျဉ်းကို လိုက်နာလိုက်ရပြန်တယ်။ တိမ်တွေလို လေအဝှေ့ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ မရည်ရွယ်တာတွေဟာ စီစဉ်ထားပြီးကာမှ ဖြစ်ပျက်လာတတ်ပြန်တယ်…။ ကြိုပြီးပြင်ဆင်နိုင်ကြပါရဲ့လား…။ တခါထဲ နစ်မြုပ်သွားပလား…။ သီချင်းထဲမှာတော့ နာကြင်မှုတွေပဲ အဆုံးသတ်ခဲ့ရတယ်…။
ဘဝရဲ့အဓိပ္ပါယ်က ထင်ထားတာတွေ ဖြစ်မလာတာပဲလား…။ ကျွန်တော်တို့မှာကော…။ အချိန်က ဘဝရဲ့ ဖြည့်စွက်မှုသက်သက်တစ်ခု လို့ပြောတယ်…။ အချိန်က ဘဝရဲ့အဖြည့်ခံဆိုတော့ ကျွန်တော်တို့တွေကော…၊ အချိန်ရဲ့အဖြည့်ခံတွေလား။ နောက်ပြီး ကျွန်တော်တို့မှာကော ကိုယ်ပိုင်ဆိုင်မှု ဘာရှိဦးမလဲ… ဇာတ်ဆောင်ကတော့ သူ့နှလုံးသားတောင် ပိုင်ဆိုင်ပုံမရပဲ တခြားတယောက်အတွက် စတေးလိုက်ရတယ်။ ကျွန်တော်တို့ကော ဘယ်လောက်များစတေးပြီးပြီလဲ… ဘာတွေစတေးလိုက်ရလဲ… စတေးလိုက်ရတာကော တန်လိုက်ရဲ့လား…။
တကယ်တော့ ကျွန်တော်တို့ဘဝကိုယ်စီဟာ တိမ်တခုစီနဲ့ တူပါတယ်။ အခုတိုက်အိမ်ပုံ ဖြစ်နေပေမယ့် ခဏနေ တဲကုပ်ပုံဖြစ်သွား နိုင်တယ်။ အဲဒီလိုပဲ ဒဏ်ရာတွေကနေ သာယာယစ်မူးမှုတွေ ဖြစ်သွားနိုင်တယ်…။အင်း… ကျွန်တော်တို့ဟာ တိမ်တွေနဲ့တော့ တူနိုင်ပါတယ်… ဒါပေမယ့်…တိမ်တွေမဟုတ်တာတော့ သေချာပါတယ်…။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ကံ ဆိုတာလေးတော့ ရှိကြပါလိမ့်ဦးမယ်…။ ဒါပေမယ့် တစ်ရက်လောက်တော့ တိမ်တွေဆီသွားဖို့ လိုအပ်ကောင်းလိုအပ် ပါလိမ့်မယ်…။
Saturday, March 29, 2008
မိုးတိမ်အကြောင်း
Posted by
Andy
at
12:17 PM
5
comments
Saturday, March 22, 2008
Diatonic Chords
Diatonic Chords ဆိုတာ Key တစ်ခုမှာပါတဲ့ အသံတွေရဲ့ ကောဒ်တွေပါ။ Family Chords လို့လည်းခေါ်ဝေါ်ကြပါတယ်။ ဥပမာအနေနဲ့ C Key ရဲ့ Diatonic Chord တွေကိုကြည့်မယ်ဆိုရင် C Dm Em F G Am Bdim လို့ တွေ့ရမှာဖြစ်ပါတယ်။ ဂဏန်းတွေနဲ့ချရေးမယ်ဆိုရင် Key တစ်ခုရဲ့ Diatonic Chords တွေဟာ I – IIm – IIIm – IV – V – VIm – VIIdim ပဲဖြစ်ပါတယ်။
ဒီမှာမေးစရာတစ်ချက်က II – III – VI စတဲ့နေရာကအသံတွေကို Minor ကောဒ်အဖြစ်ပါလို့ပြောင်းရလဲဆိုတဲ့အချက်ပါ။ Diatonic Chord မှာဒီနေရာကကောဒ်တွေဟာဘာလို့ Minor တွေဖြစ်သွားရလဲပေါ့ဗျာ။ ဘာလို့ Major တွေပဲမဟုတ်တာလဲ။ ဒီလိုမေးခွန်းမျိုးတွေမေးတတ်ကြပါတယ်။ ဒီမေးခွန်းကိုဖြေရရင်တော့ ပထမအနေနဲ့ သံစဉ်ပေါ်ကိုမူတည်ပြီးဖြေပါမယ်။
Key တစ်မှာရှိတဲ့အသံတွေကို တစ်လုံးချင်းစီတီးကြည့်ပါ။ ဥပမာ C Key ဆိုပါစို့၊ တစ်လုံးချင်းစီတီးကြည့်ရင် C D E F G A B, အသံနေနဲ့ကြားရမှာကတော နားထဲစွဲနေတဲ့ ဒို ရေ မီ ဖာ ဆို လာ တီ ဟု တိတိကျကျ ကြားရပါမယ်။ ဒီတော့ ဒီအသံတွေကို ကောဒ်တွေအဖြစ်ပြောင်းပြီးတီးကြည်ပါ။ C D E F G A B, ဆိုပြီး Major ကောဒ်တွေနဲ့ပဲအရင်တီးကြည့်ပါ။ ဒိုရေမီဖာ လို့ တိတိကျကျမကြားရပဲ တစ်ချို့အသံတွေမှာ ကြားသံတွေ၊ ဒို ပြီးတဲ့အခါ ရေ မကျတကျ မတိမကျအသံကိုကြားရမှာဖြစ်ပါတယ်။ ဒီတော့ “ရေ” သံနေရာကကောဒ်ကို Minor အဖြစ်ပြောင်းကြည့်ပါ။ ဒီအခါမှာ လိုချင်တဲ့ “ရေ” သံလေးထွက်လာတာကိုကြားရမှာဖြစ်ပါတယ်။ တစ်ခြား Minor ပြောင်းသွားတဲ့ကောဒ်နေရာတွေမှာလည်းစမ်းသပ်ကြည့်ပါ။ ကိုယ်လိုချင်တဲ့အသံကို Minor ပြောင်းလိုက်မှရရှိကြောင်းကိုတွေ့ရပါမယ်။ နောက်ဆုံး “တီ” သံအတွက်ကတော့ Minor အသံမဟုတ်တော့ပါ။ ကိုယ်လိုချင်တဲ့ “တီ” သံရဖို့အတွက် VI နေရာကအသံကို Diminished chord အဖြစ်ပြောင်းပါမှ ကိုယ်လိုချင်တဲ့ “တီ” သံကို တိတိကျကျ ရမှာဖြစ်ပါတယ်။ ဒါကြောင့် Key တစ်ခုရဲ့ Diatonic Chord တွေဟာ I – IIm – IIIm – IV – V – VIm – VIIdim ဆိုပြီးရှိနေတာဖြစ်ပါတယ်။
အထက်ကပြောသွားတဲ့အချက်ကတော့ နားလည်လွယ်မဲ့ သဘောတရားလေး သက်သက်ပါ။ အသေးစိတ်နဲ့ သီအိုရီသဘော ကို သေသေချာချာသိချင်ရင်တော့ အောက်မှာဆက်ဖတ်ပါ။
Diatonic Chord တွေကိုပြန်ချရေးပါမယ်။ C Key အနေနဲ့ပဲ ဥပမာပေးပါမယ်။
I – IIm –IIIm – IV – V – VI - VIIdim
C – Dm – Em – F – G – Am - Bdim
ကောဒ်တွေကိုမြင်သာအောင်ပြန်ရေးတာပါ။ ဒီကောဒ်တွေဖြစ်ပေါ်လာပုံကိုကြည့်မယ်ဆိုရင် အောက်ပါအတိုင်း C Key မှာပါတဲ့ အသံတွေကို အရင်ဆုံးချရေးပါမယ်။
C – D – E – F – G – A – B
ပြီးရင်တော့ C ရဲ့အောက်မှာ C ကောဒ်မှာပါတဲ့အသံတွေဖြစ်တဲ့ C E G ကိုချရေးလိုက်ပါမယ်။
C – D – E – F – G – A – B
E
G
ပြီးရင်တော့ လိုနေတဲ့ အသံတွေကို အစဉ်လိုက် ဖြည့်လိုကပါမယ်။ C Key ဖြစ်တဲ့အတွက် C Key မှာပါတဲ့အသံတွေကို အစဉ်လိုက်ရေးရမှာဖြစ်ပါတယ်။ E ပြီးတဲ့အခါ F G A B C စသဖြင့်။ G ပြီးတဲ့အခါ A B C D စသဖြင့် Key မှာရှိတဲ့အသံတွေကိုအစဉ်လိုက်ဖြည့်လိုကပါမယ်။
C – D – E – F – G – A – B
E – F – G – A – B – C – D
G – A – B – C – D – E – F
ဒီတော့ ပထမဆုံး column မှာ C E G အသံတွေရှိတာကြောင့် ဒါဟာ C Chord ပါ။ ဒုတိယ column ကိုကြည့်ရင် D F A ဆိုတဲ့အသံတွေရှိတာကြောင့် Dm Chord ဖြစ်တာကိုတွေ့ရပါမယ်။ ( D minor chord – D F A , D major chord – C Gb A )
ထို့အတူ တခြား column တွေကိုလိုက်ကြည့်မယ်ဆိုရင်လည်း Em, F, G, Am, Bdim ဆိုပြီးအသီးသီးတွေ့ ရမှာဖြစ်ပါတယ်။
I – IIm - IIIm - IV - V - VI - VIIdim
C --Dm --Em ---- F --G -- Am --Bdim
C -- D ---- E ----- F --G --- A --- B
E--- F ---- G ----- A --B ----C ---- D
G -- A---- B ------C ---D --- E ---- F
Labels: Freshup, Music Theory
Posted by
Freshup
at
3:17 AM
0
comments
Friday, March 21, 2008
Chord Structure
ဂစ်တာတီးပြီဆိုရင်တော့ အခြေခံ Minor, Major ကောဒ် တွေကိုသိကြမှာပါ။ C ကိုဘယ်လိုကိုင်ရတယ်၊ A ကိုဘယ်လိုကိုင်ရတယ်၊ Minor ဆိုရင်ဘယ်လိုကိုင်ရတယ်၊ စသဖြင့်သိကြပါလိမ့်မယ်။ ကောဒ်တွေဖြစ်ပေါ်လာတဲ့ သီအိုရီကိုလေ့လာကြည့်မယ်ဆိုရင်တော့…အောက်ကကောဒ်ပုံစံတွေကိုကြည့်ပါ။

(C Major and C Minor Chords)
ပထမဆုံးအနေနဲ့ Major Chord နဲ့ Minor Chord တွေဟာ Triad Chord တွေဖြစ်တယ်ဆိုတာကို မှတ်သားပါ။ Triad Chord ဆိုတာကတော့ အသံ သုံးသံနဲ့ဖွဲ့စည်းထားတဲ့ ကောဒ်တွေကို ခေါ်ခြင်းးဖြစ်ပါတယ်။ အပေါ်ကပြထားတဲ့ကောဒ် ပုံစံတွေမှာ C ကောဒ်မှာပါတဲ့ အသံတွေကိုလေ့လာကြည့်ပါ။ C,E,G ဆိုတဲ့အသံတွေကိုတွေ့ရပါလိမ့်မယ်။C Major ကောဒ်ကို ဖလက်တံရဲ့ မည်သည့်နေရာမှမဆို၊ အုပ်ကွက်လို့ခေါ်တဲ့ Barre chord လိုပဲကိုင်ကိုင်၊ C Major ကောဒ်မှန်ရင် C E G ဆိုတဲ့အသံသုံးသံပဲပါပါတယ်။ ကိုယ့်လက်ထဲမှာ ကြိုးတွေအမျာ့းကြီးဖိထားရလို့ အသံတွေအများကြီးပါတယ်လို့မထင်ပါနဲ့။ ထို့အတူ၊ Cm ကောဒ်မှာပါတဲ့အသံတွေကိုကြည့်မယ်ဆိုရင်လည်း C,Eb,G စတဲ့အသံသုံးသံကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့၊ C Major မှာ CEG, C Minor မှာ C Eb G, စတဲ့အသံတွေပါကြောင်းကိုဘယ်လိုသတ်မှတ်လဲဆိုတာကိုသိဖို့လိုပါတယ်။ ရှေ့က Scale အကြောင်းပြောထားတဲ့ပိုစ်က Scale အကြောင်းကိုဒီမှာပြန်သုံးပါမယ်။
( C ကိုစံအဖြစ်ထားပြီး C ပေါ်မှာပဲမူတည်ပြီးပြောပါမယ်။ တစ်ခြား A, B, C စတဲ့ အသံတွေမှာလဲ ဒီသဘောတရားပါပဲ)
C Major Scale မှာပါတဲ့အသံတွေကတော့ C D E F G A B တို့ပဲဖြစ်ပါတယ်။ ဒီအသံတွေကို C Key မှာပါတဲ့အသံတွေလို့ ဒီနေရာမှာပြောင်လဲခေါ်ပါမယ်။ ဒီတော့ C major scale မှာပါတဲ့အသံတွေဟာ C major Key မှာပါတဲ့အသံတွေပါပဲ။ Key တစ်ခုမှာရှိတဲ့အသံတွေကို သူ့အဆင့်နဲ့သူ သတ်မှတ်ထားပါတယ်။ ဒီအဆင့်တွေကိုတော့ I, II, III, IV, V, VI, VII စတဲ့ဂဏန်းတွေနဲ့သတ်မှတ်ပါတယ်။ သူ့အစီအစဉ်အတိုင်း C က I, D က II, စသဖြင့်သတ်မှတ်ပါတယ်။
ဒီတော့ C Major ကောဒ်မှာ C E G ပါပါတယ်။ သူ့ရဲ့ အဆင့်သတ်မှတ်ချက် ဂဏန်းတွေနဲ့ချရေးကြည့်မယ်ဆိုရင် I III V လို့တွေရပါမယ်။ I III V ဆိုတာကတော့ major chord တွေရဲ့ ပုံသေနည်း structure ပဲဖြစ်ပါတယ်။ Key တစ်ခုမှာရှိတဲ့ I III V နေရာက အသံတွေဟာ Major Chord ကိုဖော်ဆောင်တဲ့အသံတွေပဲဖြစ်ပါတယ်။
Minor Chord ကိုလေ့လာမယ်ဆိုရင်တော့ I IIIb V ဆိုပြီး III ကို Flat အဖြစ်ပြောင်းလိုက်တာကိုတွေ့ရပါမည်။ (C chord အတွက်ဥပမာပေးရလျင် III နေရာက E ကို Eb အဖြစ် Flat ပြောင်လိုက်ခြင်းဖြင့် Cm ကောဒ်ရပါတယ် )
ဒီတော့ Major Chord တွေက I III V ဆိုတဲ့ပုံသေနည်းဖြစ်ပြီး Minor Chord ကတော့ I IIIb V ပဲဖြစ်ပါတယ်။
ထို့အတူ အခြားကောဒ်တွေအကုန်လုံးကလဲ သူ့ပုံသေနည်းနဲ့သူပါပဲ။ အခြေခံအဖြစ်နဲ့ Major, Minor ရဲ့ပုံသေနည်းသဘောတရားတွေကိုသာ မှတ်သားပါ။ တစ်ခြား ကောဒ်တွေရဲ့ပုံသေနည်းတွေကိုတစ်ဖြည်းဖြည်းသဘောပေါက်လာပါလိမ့်မယ်။
အောက်မှာကတော့ အဆင့်သတ်မှတ်ချက်တွေဖြစ်တဲ့ I II III IV… တွေရဲ့ ခေါ်အဝေါ်လေးတွေပါ။ သိထားတော့ပိုကောင်းတာပေါ့။
I . Tonic
II . Supertonic
III . Medient
IV . Sub-Dominant
V . Dominant
VI . Sub Medient
VII . Leading Note or Sub Tonic
Labels: Freshup, Music Theory
Posted by
Freshup
at
10:23 PM
3
comments
Friday, March 14, 2008
Great Grandfathers of Rock
ဒီနေ့တော့ ကျွန်တော် ROCK ဂီတ ရဲ့ဘိုးအေကြီးတွေ ဘိုးဘိုးကြီးတွေ အကြောင်းပြောပါ့မယ်။ တကယ်တော့ ဒီ blog ကိုဝင်ကြည့်တယ်ဆိုတာ ROCKER တွေ(အနည်းဆုံးပန့်ခ် နဲ့ ပေါ့ပ်သမားတွေ) မို့လို့ဝင်ကြည့် တာလို့ ကျွန်တော်တို့ယူဆပါတယ်။ ဘယ် Rapper မှ ထားခဲ့ဦး tapping တို့ ရာဇဝင်များရဲ့သတို့သမီး solo တို့ကို အချိန်ကုန်ခံပြီး ဝင်ကြည့်ချင်မယ် မထင်ပါဘူး။
ကျွန်တော်ကတော့ ဒီblogမှာ Tab တွေရေးတဲ့ Freshup မဟုတ်ပါဘူး။ သူ့လိုလည်း မတီးတတ်ပါဘူး။ ကျွန်တော်က အရေးပိုင်းရယ် အဆိုပိုင်းရယ် ပိုအားသန်ပါတယ်။Band မှာကျွန်တော်က vocalist ပေါ့ဗျာ၊ Andy လို့ခေါ်ပါတယ်။ (ကဗျာတို့စာတို့ဝါသနာပါရင် www.raw-mix.blogspot.com ကို ဝင်ကြည့်ကြပါ ကျွန်တော်ရေးထားတာပါ သိပ်မကြာသေးဘူး (အဟိ.ကြုံတုန်းကြော်ငြာရတာ))
တကယ်တန်းကျတော့ ဘာရေးရမှန်း မသိဘူး။ အင်းလေ… ရော့ခ် ဘိုးအေကြီးတွေဆိုတာနည်းတာမှ မဟုတ်တာ။ Presley ကစပြီး Steven Tyler တို့၊ Led Zeppelin တို့၊ Van Helen၊ Kurt Cobain တို့ စသည့်ဖြင့် အများကြီးဥစ္စာ၊ နောက်မှ ကျွန်တော်တို့ရဲ့ Blog နဲ့ကိုက်အောင် ဂီတာသမားတစ်ယောက်အကြောင်း သွားသတိရမိတယ်။ ဟုတ်ပါတယ်။ Jimmi Hendrix ပါ။ သူ့ကို အခုနောက်ပိုင်း ရော့ခ် တွေရဲ့ အဘိုးလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ROCK တီးရာမှာ မရှိမဖြစ်တဲ့ Effect ကိုစပြီး တီထွင်သုံးစွဲခဲ့လို့ပဲ။ သူမရှိခဲ့ရင် ယနေ့ခောတ်ရော့ခ်ဟာ Presley ခောတ်က ROCK & ROLL ထက် မပိုတဲ့ ရိုးရိုးဟော်လိုဂစ်တာထက် အသံပိုကျယ်ရုံပဲရှိတဲ့ Electric ဂစ်တာတွေ နဲ့ ငြီးစီစီဖြစ်နေမှာပေါ့။
တကယ်တော့ ROCK ဟာ BLUES သီချင်းတွေနဲ့ မြစ်ဖျားခံပါတယ်။ တချို့ကPresley၊ တချို့က Presley မတိုင်ခင် Chuck Berry ဆိုတဲ့ လူမည်း BLUES သမားက ROCK &ROLL ကို စတင်တီထွင်ခဲ့တယ် လို့ဆိုပါတယ်။ နောက်ပြီး ROCK Music သမိုင်းစာအုပ်တွေမှာတော့ ROCK ဟာ ROCK & ROLL ကစပါတယ်၊ အဲဒီ ROCK & ROLL ဟာ အမေရိကန် Country နဲ့ Blues တို့ပေါင်းစပ်ခြင်းဖြင့် ပေါ်ပေါက်လာတယ်လို့ဆိုပါတယ်။ Country မှာ ဟော်လိုဂစ်တာပဲ သုံးခဲ့ပါတယ်၊ Blues မှာတော့ Electric Guitar တွေပါလာပါပြီ။Effect တွေကတော့ ROCK & ROLL ခောတ်တော်တော်ကြီးကောင်းတဲ့ (Presleyခောတ်) အထိမပေါ်သေးဘူး။ ကြည့်မယ်ဆိုရင် ဒီနေ့ခောတ်ရဲ့ ROCK ဟန်ပန်တွေဟာ Country တို့၊ Blues တို့၊ ROCK & ROLL တို့နဲ့လုံးဝ ကွဲပြားပြီး Effect တွေ၊ Electric Concept တွေ scales တွေ vamp တွေနဲ့ မြိုင်ဆိုင်အားကောင်းသွားခဲ့ပါပြီ။ အဲဒါတွေဟာ Jimmi Hendrix ကစပါတယ်။
Jimmi Hendrix ကို ၁၉၄၂ ခု နိုဝင်ဘာ ၂၇ ရက်နေ့မှာ Seattle မြို့မှာလူမည်းမိသားစုကနေ မွေးဖွားခဲ့ပါတယ်။ Jimmi ရဲ့ ငယ်ဘဝဟာ အလွန်စည်းကမ်းကြီးစနစ်ကျတဲ့ ဖခင်ရဲ့လက်အောက်ကြီးပြင်းခဲ့ရပါတယ်။ ၁၉၅၇ ခုနှစ် ၁၅ နှစ်သားမှာ ဂျင်မီဟာ Pesley ရဲ့ ဂီတ Show ပွဲတစ်ခုကို ကြည့်လိုက်ရပြီး သူ့ဘဝမှာ ဂီတပိုးစတင်ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် အသက် ၁၆ နှစ်သားမှာ သူ့ဖခင်က second-hand ဟော်လို ဂစ်တာ တစ်လုံးဝယ်ပေးခဲ့တယ်။ "ဂျင်မီကကျွန်တော်ကို ဂစ်တာတစ်လုံးဝယ်ပေးဖို့ပူုစာတယ်။ ကျွန်တော်လည်းကောင်းပြီဆိုပြီး ပိုက်ဆံထုတ်ပေးလိုက်တယ်လေ။ အဲ… ဂစ်တာလဲရရော…အချိန်အားတိုင်း နားတယ်ရယ်မရှိတော့ပါဘူး… အမြဲတမ်းတီး နေတော့ တာပါပဲဗျာ။" Jimmi ရဲ့ဖခင် Al Hendrix ကနောက်ပိုင်း ပြောခဲ့တာပါ။
၁၉၅၉ နွေရာသီ မှာ ပထမဆုံး Electric Guitar ကိုကိုင်နိုင်ခဲ့တယ်။ အဲဒီတုန်းက Supro Ozark 1560 S ဆိုတဲ့အမျိုးအစားပေါ့။ နောက် Rocking Kings ဆိုတဲ့ Band ငယ်လေးတစ်ခုကို ဝင်ခဲ့တယ်။ "ကျွန်တော့် ပထမဆုံး ဂစ်တာသမားအတွေ့အကြုံက သူတို့နဲ့ National Guard Armory တပ်မှာ ဖျော်ဖြေရတာပါ အဲဒီတုန်းက ကျွန်တော်တို့ တယောက်ကို တပုဒ် ၃၅ ဆင့် စသည်ဖြင့်ရခဲ့ကြတယ်။" လို့သူကပြောခဲ့တယ်။
၁၉၆၁ မှာ Jimmi ဟာ စစ်တပ်ထဲဝင်လိုက်ပါတယ်။ Fort Campbell, Kentucky လေထီးတပ်မှာ တာဝန်ကျပါတယ်။အဲဒီလို လေထီးခုန်နေရင်းနဲ့ ၁၉၆၁ နိုဝင်ဘာ ၁ရက်နေ့မှာ the King Kasuals ဆိုတဲ့ တပ်တွင်း Band လေးတစ်ခုကို သူ့သူငယ်ချင်း ဝါသနာတူ Billy Cox ဆိုတဲ့ စစ်သားတစ်ယောက်နဲ့ အတူဖွဲ့စည်းခဲ့တယ်။
မကြာပါဘူး ၁၉၆၂ ဂျူလိုင်လမှာ လေထီးခုန်ရင်း ခြေထောက်ဒဏ်ရာရသွားခဲ့လို့တပ်ကနေ အနားပေးခံရတယ်။ အဲဒီနောက် ၃နှစ်လောက်အကြာမှာတော့ သူဟာ shows တွေ မှာတီးခတ်ခဲ့တယ်၊နောက် R&B stars တွေ ရဲ့အခွေတွေမှာ session player အဖြစ်ဝင် တီးပေးခဲ့တယ်။
အဲဒီလိုတီးနေရင်း သူစိတ်ထဲမှာ သိပ်ဘဝင်ကျပုံ မရပါဘူး။ သူဟာ အမြဲတမ်း ဂီတသစ်ကို ရှာဖွေ နေပုံပါပဲ။ ဒီနေရာမှာ တစ်ခုပြောပါရစေ။ သူဟာဘယ်သန်တစ်ယောက်ပါ။ သူ့ရဲ့ Left-handed ဂစ်တာစတိုင်က တော်တော်များများကို ဦးနှောက်ခြောက်စေခဲ့ပြီး နောက်ပိုင်းခောတ်တချို့အထိ လွှမ်းမိုးခဲ့ပါတယ်။ ဂီတသစ်ကိုရှာဖွေရင်း Electronic သမားတွေနဲ့ပေါင်းပြီး effect ကိုတီထွင်နိုင်ခဲ့တယ်။ Distortion အသံတွေ. Feedback အသံတွေ၊ wah wah effect စတာတွေကို ဖန်တီးခဲ့တယ်။ Jimmy James and the Blues Frames ဆိုတဲ့ Band ကိုတည်ထောင်ခဲ့တယ်။ နောက်ပိုင်း ၁၉၆၆ အောက်တိုဘာ မှာ သူ့ရဲ့ပထမဆုံ single "Hey Joe" ဆိုတဲ့သီချင်းကိုအသံသွင်းနိုင်ခဲ့တယ်။
တကယ်တော့ ROCK Music ဆိုတာစပေါ်ကတည်းက ပန်းခင်းသောလမ်းကိုလျှောက်လှမ်းပြီး လာခဲ့ရတာ မဟုတ်ပါဘူး။ အမျိုးမျိုးသော ဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရပါတယ်။ ဒီနေ့ခောတ်မှာတောင် Rapper တွေရဲ့ ခဏခဏ ခနိုးခနဲ့ ပြောမှုကိုခံနေရဆဲပါ။ Rocker ကြီး Aerosmith (Steven Tyler) နဲ့ Rap ဘိုးအေကြီးတွေ ဖြစ်တဲ့ Run DMC အဖွဲ့ တို့ပူးတွဲသီဆိုခဲ့တဲ့ Walk This Way သီချင်းရဲ့ "ငါတို့ဟာဂီတဆိုတဲ့လမ်းမှာ အတူတူလျှောက်နေကြတယ်" ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်ပုံ မရကြဘူး။ ဒါကထားပါတော့လေ။ အရင်တုန်းက ROCK ဟာ ဒိထက်ပို အတိုက်အခိုက်ခံခဲ့ရတယ်။ Presley ကလူငယ်တွေကြားမှာခောတ်စားနေပေမယ့် လူကြီးတွေကတော့ "တော်တော်လှုပ်ခါရွပိုးထတဲ့အကောင်" လို့ဆိုခဲ့တယ်။ ဒီအချိန်မှာပဲ Jimmi Hendrix ရဲ့ Effect ဆိုတာကထပ်ပေါ်လာတော့ ပုံမှန်ဂစ်တာသမားတွေ အကြားတော်တော်ကြီး ဂယက်ရိုက်သွားခဲ့တယ်လို့ ဆိုရမယ်။ ကလပ်စီကယ် ဂုရုကြီး Segovia ကဆိုရင် "They are not music but noises!" "ဒါတွေကဂီတမှမဟုတ်တာ ဆူညံသံတွေ သက်သက်ပဲ"လို့ပြင်းပြင်းထန်ထန်ကိုဝေဖန်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် Jimmi Hendrix ကအဲဒီအချိန်မှာ နာမည်ကြီး Musician တစ်ယောက်ဖြစ်သွားခဲ့တယ်။
Posted by
Freshup
at
8:35 PM
3
comments
Thursday, March 6, 2008
Scale အကြောင်းအနည်းငယ်
D D# E F F# G G# A A# B C C# D
-----W-- W- H---- W--- W --W- H
Labels: Freshup, Music Theory
Posted by
Freshup
at
5:25 PM
1 comments
Monday, March 3, 2008
Basic Arpeggio
ဘာလဲဆိုတာကို အရင်ဆုံးပြောရပါမယ်။ Arpeggio ဆိုတာကတော့ Chord
တစ်ခုကိုသူ့ရဲအနိမ့်သံမှအမြင့်သံဒါမှမဟုတ်အမြင့်မှအနိမ့်ကိုတစ် လုံးချင်းစီတီး
သွားတာ ကိုခေါ်တာပါ။ဥပမာ C chord မှာ C, E, G စတဲ့အသံတွေပါပါတယ်၊ C
တည်းမှာ အတူတူမတီးပဲ တစ်လုံး ချင်းစီ တီးသွားတာပါ။ Arpeggiate လုပ်တယ်
လို့ခေါ်တတ်ပါတယ်။ ဒါကတော့ တူရိယာအမျိုးမျိုး အတွက် သူ့ရဲ့ အခြေခံသဘော
ကိုပြောတာပါ။
Arpeggioတွေကိုဂစ်တာမှာတီးပုံတီးနည်းတွေကိုပြောရရင်၊ဥပမာC ကောဒ်ကို
ကိုင်လိုက်ပြီး၆ကြိုးကနေ၁ကြိုးအထိတစ်ကြိုးခြင်းဖြည်းဖြည်း လေးတီးလိုက်တာ
ဟာ Arpeggio ပါ။
၁ ကြိုး သံရောက်ရင်အပေါ်ကိုပြန်တက်ကြည့်ပါ။ ပိုပြီးပြည့်စုံတဲ့ Arpeggio
သဘောကိုတွေ့ပါလိမ့်မယ်။ ဂစ်တာမှာArpeggioတွေကိုသုံးရင်အတက်အဆင်း
အတက်အဆင်းစတဲ့ပုံစံ နဲ့သုံးတာများပါတယ်။
အောက်ကTab ကိုကြည့်ပါ
----------1-----1---------
--------0---------0-------
------2-------------2-----
----3-----------------3---
--0---------------------0-
Rock သီချင်းတွေ၊ solo တွေမှာ Arpeggio ကိုအရမ်းကိုမြန်မြန်ကြီး တီးကြပါ
တယ်။ အဲဒီလိုမြန်မြန်တီးတဲ့အခါ Sweep picking ကိုသုံးကြပါတယ်။
အောက်ကTab ကိုကြည့်ပါဦး
(Arpeggio exercise from www.tablatures.tk )
အပေါ်မှာပေးထားတဲ့Tabမှာ Malmsteen ရဲ့သီချင်းတစ်ပုဒ်ကArpeggio အပိုင်း
လေးတစ်ခုကိုလဲတီးပြသွားပါတယ်။ တကယ်တီးတဲ့အခါအရမ်းမြန်ပါတယ်။
ဒီလိုမျိုးကိုတီးမယ်ဆိုရင်ကျွန်တော်တို့တီးနေကျဖြစ်တဲ့ Alternate Pickingနဲ့တီးရင်အဆင်မပြေတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်ဒီလိုမျိုး Arpeggio
တွေကို Sweep Picking နဲ့တီးကြပါတယ်။
Sweep Picking ဆိုတာကတော့Alternate Picking လို up down updown
မဟုတ်ပါ။
Rythem တီးတဲ့အခါ ဂစ်တာလက်ခတ် (guitar pick) ကိုကိုင်ပြီးအပေါ်ကနေ
အောက်၊ အောက်ကနေအပေါ်ခတ်တာနဲ့ ဆင်ပါတယ်။ Sweep Picking က
တော့ pick နေတဲ့ညာဖက်လက်ကလည်းအချိန်ကိုက်ဖြစ်နေရမှာဖြစ်သလို
ဘယ်ဖက်လက်ကလည်းတီးရမယ့် notes တွေကို မြန်မြန်ဆန်ဆန်တီးနိုင်ရ
ပါမယ်။
အလွန်နူးညံ့ပြီး လေ့ကျင့်မှုတော်တော်လိုတဲ့နည်းစနစ်တစ်ခုပါ။
Michaelangelo ရဲ့ Speed Kills ဆိုတဲ့ solo သီချင်းမှာ Arpeggioတွေကွိုကိုအများကြီးသုံးသွားတာတွေ့ရပါလိမ့်မည်။ CanonRock ကိုတီးတဲ့ JerryC
ကလည်း Arpeggio တွေကိုပဲတီးပြသွားတဲ့ Sweeping From Heaven
ဆိုတဲ့ ဂစ်တာဆိုလို video ကို Youtube မှာကြည့်နိုင်ပါတယ်။
Sweep နဲ့တွဲပြီးတီးတဲ့ Arpeggio တွေဟာ တီးရတာလည်းခက်၊ မြန်လည်း
မြန်၊ လက်လဲအလွန်ပဲညောင်းပါတယ်။ တော်ရုံတန်ရုံဂစ်တာသမားတွေက
Arpeggio တွေကိုကြာကြာမတီးကြပါဘူး။လက်အလွန်ညောင်းလို့ပါ။
ကျွန်တော်လည်းဒီပို့စ်ကိုအက်ဒစ်ရတာမောပြီဗျာ ဘာတွေဖြစ်နေမှန်းကိုမ
သိဘူး
Labels: Freshup, Music Theory
Posted by
Freshup
at
4:43 PM
0
comments
Sunday, March 2, 2008
ထားခဲ့ဦး..... လေးဖြူ
တော်တော်များများစိတ်ဝင်စားပြီး တီးချင်တဲ့သီချင်းပါ။ မူရင်းကတော့ E မှာတီးပါတယ်။ ကျွန်တော်ကတော့ မူရင်း E နဲ့ Tab ရှာရတာ ဘယ်လိုမှအဆင်မပြေတာကတစ်ကြောင်း၊ D နဲ့တီးရတာက ပိုပြီတော့အဆင်ပြေတာက တစ်ကြောင်းကြောင့် D နဲ့ ပဲရှာပြီးတီးပါတယ်။ မူရင်းနဲ့တော့ ထပ်တူထပ်မျှ မတူပေမဲ့ တီးကြည့်ရင်တော့ကြိုက်မယ်
လို့ထင်ပါတယ်။
ထားခဲ့ဦး (လေးဖြူ)
ထားခဲ့ဦး ver2 (လေးဖြူ)
Posted by
Freshup
at
3:17 PM
0
comments

